❤ ကိုကိုရဲ့ကလေးငယ် ၄၃ ❤

112K 7K 274
                                    

Unicode...
>>>>>>>>>

.

နောက်တနေ့မနက်....။

ဇိုင်း ကလေးနဲ့နှစ်ယောက်ပဲ သွားချင်တာကြောင့် ဝန ကို အလုပ်တချို့အပ်ကာ ထားခဲ့ပြီး ဇိုင်း ကိုယ်တိုင်ကားမောင်းပြီး ဇိုင်း နဲ့သုသု မင်္ဂလာပွဲအတွက်ဝတ်စုံအပ်ထားတဲ့ ဇိုင်း နဲ့ နိုင်ငံခြားမှာခင်ခဲ့တဲ့ မိတ်ဆွေ Rose ရဲ့ နာမည်ကြီး အကျႌဆိုင်ကို ဝတ်စုံအစမ်းဝတ်ကြည့်ရန်ထွက်လာခဲ့သည်။

အကျႌဆိုင်ရှေ့ရောက်တာနှင့် ဆိုင်လုံခြုံရေးဝန်ထမ်းတွေက ခေါင်းငု့ံကာ ဇိုင်း ကို ကားတံခါးဖွင့်ပေးချိန် ဇိုင်း ကားပေါ်ကဆင်းကာ သုသုဘက်ကိုသွားပြီး ကားတံခါးလေးဖွင့်ပေးလိုက်သည်။

ဆိုင်ထဲရောက်တာနဲ့အဆင်သင့်စောင့်ကြိုနေတဲ့ Rose က ဇိုင်း တို့ ကိုထွက်ကြိုသည်။

" ဦးဇိုင်း ရောက်ပြီလား...ထိုင်ပါဦးရှင် "

ဇိုင်း ခေါင်းတစ်ချက်ညှိမ့်ပြပြီး Rose ညွှန်ပြတဲ့ဟောခန်းကျယ်ကို ဇိုင်း ကလေး လက်လေးကိုတွဲကာ ဝင်သွားပြီးထိုင်စေသည်။ ဆိုင်အပြင်အဆင်လေးက နိုင်ငံခြားဖြစ်စတိုလ်လေးနဲ့ချစ်ဖို့ကောင်းအောင်ပြင်ထားတာကြောင့် အထူးဆန်းသဖွယ် သုသုလေး လျှောက်ကြည့်နေမိသည်။

Rose က နိုင်ငံခြားမှာ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ လဲဖြစ်သလို အကောင်းစား အကျႌဆိုင်ကြီးတွေလဲ ဖွင့်ထားသေးသည်။ Rose ရဲ့ ဒီဇိုင်းနဲ့အကျႌတွေက အကန့်သတ်နဲ့မို့ တချို့လိုချင်သူတွေတောင်မရပေ ။ Rose နဲ့ ဇိုင်း က ခင်မင်တဲ့မိတ်ဆွေဖြစ်တာကြောင့်သာ ဇိုင်းတို့ဝတ်စုံအတွက် အော်ဒါအပ်တာ တခြားလူဆိုအခုလိုချုပ်ခိုင်းမှာတောင်မဟုတ်ဘူး။

Rose ဇိုင်း ရဲ့သတို့သားလေးကိုသေချာကြည့်မိတယ် အရမ်းချစ်ဖို့ကောင်းတာပဲ အသားရည်လေးကကြည်လင်ပြီး မျက်နှာလေးက ဘာမူပိုမှု့တွေမှမပါပဲ ပကတိဖြူစင်နေသည် အဲ့တာကြောင့် ဦးဇိုင်းဆိုတဲ့ Top 1 သူဌေးကြီးက သဲသဲလှုပ်ချစ်နေတာနေမှာ ။

"ဒီက မောင်လေးက ဦးဇိုင်း ရဲ့ သတို့သားလေးထင်တယ်..အသားရည်လေးကဝင်းနေတာပဲ
အဲ့တာကြောင့် ဦးဇိုင်း က အရမ်းချစ်နေတာနေမှာနော် "

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now