Unicode...
>>>>>>>>.
.နောက်တစ်နေ့မနက်ခင်း သုသု အိပ်ရာကနေနိုး၍ ထချင်ပေမယ့်..သုသု ထွက်ပြေးသွားမှာစိုးသည့်ပုံနဲ့အတင်းဖက်ထားတဲ့ ကိုကို့ကြောင့် သုသု ထမရပေ။ မထရင်လဲ ကျောင်းနောက်ကျတော့မှာမို့ ကိိုကု့ိကိုနိုးရန်ပြင်တော့သည်။
"ကိုကို ထတော့လေ ကျောင်းနောက်ကျတော့မယ်"
"ဟင်..အင်းးး..."
မျက်လုံးမဖွင့်ပဲသုသုကိုယ်လေးကိုတင်းတင်းဖက်ထားရင်း ပြန်အိပ်ပျော်သွားတဲ့ကိုကို။ တစ်ခါတလေ ကိိုကို့ရဲ့ကလေးဆန်တဲ့အပြုမှုလေးတွေကြောင့် သုသု ရင်ခုန်မိသည်။
နဂိုထဲကချောမောခန့်ငြားတဲ့ ကိုကို့မျက်နှာဟာ အိပ်ပျော်နေချိန်မှာတောင်ပုံစံမပျက်သည်မို့ သုသု စိတ်လွတ်လက်လွတ်ငေးနေမိသည်။ ကိုကို့မျက်နှာကိုကြည့်ပြီး သုသု ရင်ခုန်သံသည်လဲထိန်းမရသည့်နှယ်။
"ဟာ..ကိုကို ထတော့ဗျာ..ကျောင်းနောက်ကျနေလိမ့်မယ်..မဟုတ်လဲ..ကလေးကိုလွတ်ပေး ရေသွားချိုးတော့မယ်"
"ကလေးကလဲကွာ ကိုကိုအိပ်ရေးမ၀သေးဘူး ကလေးလဲ ဒီနေ့ကျောင်းမသွားနဲ့တော့ ထပ်အိပ်မယ်"
ပြောပြီးသည်နှင့် သုသု ရုန်းမရအောင်ဖက်ထားသည်။
" ကျောင်းတတ်တာမှမကြာသေးဘူး ထပ်ပျက်ရင်မကောင်းဘူးလေ ပြီးတော့ ကိုကို အလုပ်လဲ သွားရဦးမယ်လေနော်"
"ကိုကို့အလုပ်က ကလေး လောက်အရေးမကြီးဘူး ဒီနေ့မသွားရလဲ မနက်ဖြန်ဒေဝါလီခံရမယ့် အထဲမှာမပါဘူး စိတ်ချ"
ကိုကိုစကားကြောင့် သုသု ရယ်ချင်သွားသည်။ သုသုနဲ့ပြိုင်ပြီး ကလေးဆန်နေတဲ့ကိုကိုပါကွာ။
ဇိုင်း ကို ကလေးတစ်ယောက်လိုချော့ပြီး သူကျောင်းသွားဖို့အရေးတိုက်တွန်းနေတဲ့ကလေးလေးကိုကြည့်ပြီး ဇိုင်း တမင်ညစ်ပြီးမထပေ။
"ကိုကိုရယ် လာပါ ထပါနော်... ကိုကိုအလုပ်မသွားလို့ရပေမယ့် ကလေးက ကျောင်းမသွားရင် နောက်ထပ်စာတွေထပ်နောက်ကျနေလိမ့်မယ်"
မနက်ခင်းမှာချစ်စရာကောင်းတဲ့အသံလေးနဲ့ချော့မြူနေတဲ့ ကလေးကိုဇိုင်းပိုအသဲယားလာသည်။
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။