❤ ကိုကိုရဲ့ကလေးငယ် ၂၀ ❤

184K 10.9K 918
                                    

Unicode...
>>>>>>>>

.
.

*ဖြောင်း*

"အ့.."

ရိုက်ချက်နဲ့အတူ ပူလောင်သွားတဲ့ပါးပြင်ကိုကိုင်ပြီး တဒင်ကအံအားသင့်သွားသူ မုန်း၀င့်မာန်ဆိုတဲ့သူမ။

"ကိုဇိုင်း..ရှင်..ရှင်ဘာလုပ်တာလဲ.ရှင်ကျမပါးကိုရိုက်တယ်.."

မုန်း၀င့်မာန် သည် သူရှေ့ကမာကြောခက်ထန်တဲ့မျက်နှာနဲ့ စူးရဲပြီးလူသတ်ငွေ့များဖုံးလွမ်းနေတဲ့ ဇိုင်း ကိုကြည့်ရင်း နာကျင်သွားတဲ့ပါးတစ်ဖက်ကိုကိုင်လျှက် အနည်းငယ်ထိပ်လန့်နေသည်။

"ဟက်..နာတယ်လား..မင်းတောင်နားတတ်ရင်..စောနကမင်းရိုက်လိုက်လို့...ငါ့ Baby လဲတော်တော်နာသွားမှာပဲဆိုတာ တွေးမိလား!!"

"ကိုဇိုင်း နဲ့ အဲ့ကောင်လေး က ဘယ်လိုပက်သတ်လို့ ကိုဇိုင်း မုန်းကိုရိုက်ရလောက်အောင်ထိ ဖြစ်နေရတာလဲ... "

မုန်းဝင့်မာန်မေးသည်ကို ဇိုင်း သူ့မျက်လုံးကိုစိုက်ကြည့်ကာ... ။

"သူ့က ငါ့အသက်ထက်ချစ်ရတဲ့ ကလေး...သူ့ကိုနာကျင်အောင်လုပ်တဲ့ဘယ်သူမဆို ငါသတ်ပစ်လိုက်ဖို့ ဝန်မလေးဘူး.. မုန်းဝင့်မာန်... "

ဇိုင်းရဲ့အေးစက်စက်စကားအဆုံး ...မုန်းဝင့်မာန် ရဲ့ မနာလိုဝန်တိုမှု့အပြင် တန်ဖိုးမရှိတဲ့ကောင်အတွက်ငါ့ကိုရိုက်တယ်ဆိုတဲ့ အတွေးနဲ့မုန်း၀င့်မာန်စိတ်တိုသွားသည်။

"နေစမ်းပါဦး..အခု ကိုဇိုင်း က မုန်း ကို ဘာမဟုတ်တဲ့ကောင်တွက် မုန်း လိုမိန်းကလေးတစ်ယောက်ပါးကိုရိုက်တယ်ပေါ့...."

မုန်း၀င့်မာန်ပြောလိုက်တဲ့ စကားကြောင့်နဂိုဒေါသကိုပိုစွလိုက်သလိုပင်..ဇိုင်းဒေါသထွက်လွန်းလို့ အသားတွေပင်တုန်ယင်နေပြီး လက်သီးကျစ်ကျစ်ဆုပ်ပြီးစားပွဲထောင့်နားက ပန်းအိုးကိုဒေါသတစ်ကြီးထိုးခွဲလိုက်သည်။

ကြယ်စင်သည်BOSS ဒေါသကြီးသည်ကိုသိပေမယ့် သူမအလုပ်လုပ်တဲ့သက်တန်းတစ်လျှောက် ဒီလောက်ဒေါသထွက်သည်ကို မမြင်ဖူးပေ။

ကျော်ထက်နဲ့၀နတို့ကတော့ သူတို့ BOSS ရဲ့ဒီထက့်ဆိုးတဲ့ အခြေနေထိမြင်ဖူးပြီးသားဖြစ်တာကြောင့် မုန်း၀င့်မာန်ကိုသနားစရာအကောင်လေးလိုကြည့်ကာနေတော့သည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Donde viven las historias. Descúbrelo ahora