Unicode....
>>>>>>>>>.
.နွေဦးရာသီမှာ ထွန်းလင်းတဲ့ နေရဲ့အနွေးဓာတ်ဟာ ဇေသုတ အခန်းကျဉ်းကျဉ်းလေးရဲ့ ပြတင်းပေါက်မှာနေရာယူထားတာကြောင့် အိပ်ရာထဲကနေ မျက်လုံးဖွင့်ကြည့်လိုက်သည်။
ပြတင်းပေါက် ကြည့်လိုက်စဉ်နေအတော်မြင့်နေပြီးမို့ ဇေသုတ အလောတကြီးအိပ်ရာထပြီးလုပ်စရာရှိတာမြန်မြန်ရသည်။
ဇေသုတ အသက် ၁၄ နှစ်မှာ ဖေဖေနဲ့မေမေဆုံးသွားကတည်းက ဖေဖေ့အကို ဦးလေးဖြစ်သူ ရယ် သူ့မိန်းမဖြစ်သူနဲ့ အကို ဝမ်းကွဲတစ်ယောက် အမဝမ်းကွဲတစ်ယောက်နဲ့ပါ အတူနေထိုင်ခဲ့ရတယ်။
အစပိုင်းမှာတော့ဦးလေးမိန်းမဖြစ်သူက ဖေဖေနဲ့မေမေရဲ့အမွေဆိုင်အိမ်ကြောင့် ကြည်ဖြူခဲ့ပေမယ့်အခုအခါမှာတော့မဟုတ်။ အခုလက်ရှိကျောင်းဆက်တတ်နိုင်တာကလဲ မေမေ့ အမကြီးအဝေးကထောက်ပံ့သည်မို့ ဇေသုတ ကျောင်းဆက်တတ်နိုင်ခဲ့သည်။
ဖေဖေနဲ့မေမေရှိစဉ်တုန်းက ခြေမွှေးမီမလောင် လက်မွှေးမီးမလောင်ထားခဲ့ပေမယ့် အခုလက်ရှိဒီအိမ်မှာတော့ ဇေသုတ က အိမ်အကူသာသာပါ။
အမ၀မ်းကွဲနဲ့အကို၀မ်းကွဲရဲ့တောက်တိုမယ်ရလုပ်ပေးရ အိမ်သန့်ရှင်းရေးလုပ်ပေးရတဲ့အပြင် ချက်ပြုတ်နည်းပါသင်ပေးထားတဲ့ဒေါ်ဒေါ်ကသိပ်ကိုလည်တာပဲ။မနက်မိုးလင်းရင် သူတို့အတွက်မနက်စာမပြင်ပဲသွားရင်လဲ ပြန်လာရင်ဒေါ်ဒေါ်က ထပ်ဆူမှာကြောင့် ဇေသုတ မနက်စာပြင်ပြီးမြန်မြန်ကျောင်းသို့ထွက်လာသည်။
အဲ့တာကျွန်တော်ဇေသုတနေ့စဉ်လည်ပတ်နေရတဲ့ဘ၀ပေါ့။ ဟူးးး အခုလဲထပ်ပြီးကျောင်းနောက်ကျနေပြန်ပါပြီ။ ထို့ကြောင့် မနက်စာတောင်မစားခဲ့ပဲကျောင်းသို့အပြေးတပိုင်းရောက်လာသည်။
အခန်းထဲမှာတောင်ဆရာမရောက်နှင့်နေပြီပဲ..
"ဆရာမဗျ သား ကျောင်းနောက်ကျလို့ ၀င်ခွင့်ပြုပါဗျ"
" သား သုသု ဒီနေ့လည်းနောက်ကျပြန်ပီနော် နောက်တစ်ခါဆို သားကိုဆရာမအပြစ်ပေးတော့မယ် ဟွင်းး "
" ဟုတ်ကဲ့ပါဗျ သားနောက်တစ်ခါဆင်ခြင်ပါ့မယ် ဆရာမ "
ဒီက ဆရာ/ဆရာမအားလုံးက ဇေသုတ ကို သုသု လို့ပဲအားလုံးခေါ်ကျတယ်။ သူငယ်ချင်းတွေကြားမှာတော့ ပိုးဟတ်ဖြူလို့ခေါ်တာပေါ့။
![](https://img.wattpad.com/cover/203669936-288-k359748.jpg)
VOCÊ ESTÁ LENDO
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။