❤Extra ep 3❤

94.6K 6K 653
                                    

၆ နှစ်ခန့်ကြာသော်.........။

နှစ် လ ရက် တွေပြောင်းလဲတာနဲ့အမျှ ဇိုင်းတို့ စံအိမ်ရဲ့ ဆည်းလည်းလေးတွေကလဲ ပြောင်းလဲလာခဲ့သည်...။

ဇိုင်း သည် သူကိုယ်တိုင်တည်ဆောက်ထားတဲ့ ဒီမိသားစုလေးအပေါ် ဘယ်လို အန္တရယ်မှ မကျရောက်လာအောင် အမိုး သဖွယ်ကာရန်ထားတာမို့ ဒီသားအဖ တွေက ဇိုင်းရဲ့ရင်ခွင်မှာ လုံခြုံ စိတ်ချစွာ အိပ်စက်နေနိုင်သည်......။

"သားငယ်ရေ လျှောက်ပြေးမနေနဲ့တော့ကွာ... ပါးပါး လိုက်ရတာ မောနေပြီ...."

"ပြေးမာပဲ ရဝူး ခစ် ခစ်..."

ထုံးစံအတိုင်း အပေါ်ထပ်က သားအဖနှစ်ယောက်ရဲ့ အသံတွေသည် အောက်ထပ်ထိထိုးဖောက်လောက်အောင်ပင် ကြားနေရသည်.....။

သုသုလေး ရဲ့ မနက်ခင်း အလုပ်တစ်ခုလိုဖြစ်နေတဲ့ သားသားကို ကျောင်းအဝတ်စားဝတ်ပေးရချင်းပင်...။

သုသု ဘယ်လိုပဲ ချော့ပြီး ဝတ်ခိုင်းနေလဲ သားသား ကတော့ ဘယ်တော့မှ အသာတကြည်မဝတ်ပဲ သူဆော့လို့အားရမှသာ အဝတ်စားဝတ်သည်......။

ဒါကြောင့်လဲ သုသုလေး မှာ သားကြီးကို ထိန်းစရာမလိုတာကိုပင် ကျေးဇူးတင်ရမလိုဖြစ်နေသည်....။

သားကြီး ဇိုင်းသုတ သည် ကိုကို နဲ့ တစ်ပုံစံတည်းကိုတူလွန်းသည်...အသက် ၇ နှစ် ကလေးတစ်ယောက်ဆိုပေမယ့် သားကြီးက သားငယ်လေးထက် ပိုပြီးတည်ငြိမ်သည်....။

အခုလက်ရှိ သားကြီး သည် ၄ တန်းတတ်နေပြီး သားငယ်ကတော့ ၂ တန်းတတ်နေသည်....။

မွေးတာချင်း အတူတူကို ဘာကြောင့် သားကြီးက အတန်းပညာပိုကြီးနေလဲဆိုတော့...။

အရင်ကတော့ သားကြီးနဲ့သားငယ် နှစ်ယောက်လုံးကို အတူတူကျောင်းအပ်ခဲ့တာပါ... ။

သားငယ် နဲ့ အတူ ၂ တန်းထိ အတူတူတတ်ခဲ့ပေမယ့်..သာမာန်ကလေးတွေထက် ဉာဏ်ကောင်းတဲ့ သားကြီးက ကျောင်းမှာ လေးတန်းစာမေးခွန်းကို မျက်စိတမှိတ်အတွင်း ဖြေပြလိုက်တာကြောင့်... ကျောင်းအုပ်နဲ့တိုင်ပင်ကာ အတန်းတင်ပေးလိုက်တာပင်.....။

"သားငယ် ဒီကို လာလို့ ပါးပါး ​ပြောနေတယ်နော်..."

"လာဘူး... လာဘူး...ခစ် ခစ် ခစ်..."

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now