❤ ကိုကိုရဲ့ကလေးငယ် ၃၅ ❤🔞

153K 7.8K 132
                                    

Unicode...
>>>>>>>>

.
.

"ဟာ..ကလေး အဲ့လို အကုန်မမော့ပစ်ရဘူးလေ .."

"ဘာလို့လဲ..ကိုကိုက ကလေးမူးမှာကြောက်နေတာလား.."

"ကလေးမူးမှာကြောက်လို့မဟုတ်ပါဘူးကွာ..ကလေးအူကအရိုင်းလေးပဲရှိသေးတယ်လေ အဲ့တာကြောင့် ကလေးထိခိုက်မှာစိုးလို့ပါ.."

"လျှောက်ပြောနေတယ်..ကလေးမူးပြီးသောင်းကျန်းရင် ကိုကိုထိန်းရခက်မှာစိုးလို့မလား မသိရင်ခက်မယ်..ဟွန့်"

ပါးစပ်ကလဲပြောရင်း ဝိုင်ပုလင်းနားသွားပြီးတစ်ခွက်ထပ်ငှဲ့နေသေးသည်။ ဇိုင်းနဲ့အတူရှိတဲ့အချိန်လေး သောက်ဖူးတယ်ရှိအောင် ၀ိုင်နည်းနည်းပဲသောက်ဖို့စီစဉ်ထားပေမယ့် အခုခါကျတော့ ပြောင်းပြန်ဖြစ်လေပြီ..။

"ကဲ ..တော်ပီ ကလေး ငယ်..ကလေးမူးနေပြီ ကြည့်ပါဦး..မျက်နှာတစ်ခုလုံးနီးရဲနေတာပဲ ခရမ်းချဉ်သီးကြီးလိုပဲ.."

ဇိုင်း သုသု ကိုကြည့်ပြီး ပြုံးစိစိနဲ့ နောက်နေသည်။

"ကိုကိုနော်..ကလေး မမူးသေးပါဘူး.."

မမူးသေးဘူးလို့သာပြောတာ တကိုယ်လုံး ဇိုင်း ရင်ခွင်ထဲရောက်နှင့်နေပြီ..။နောက်ဆုံးတော့ ဇိုင်း လက်ထဲက ၀ိုင်ခွက်ကိုချပြီး သုသု ကိုယ်လေးကိုထိန်းထားပေးနေရသည်။ သုသု တစ်ယောက် ဇိုင်း လည်ပင်းကိုဖက်ကာ ရီဝေ​ေ မျက်လုံးတွေနဲ့စိုက်ကြည့်ရင်း...

"ကိုကို...."

"ပြောလေ..အချွဲလေး..ဘာချွဲဦးမလို့လဲ ကိုကို့ ကို..."

"ကလေး ကိုကို့နှုတ်ခမ်းလေးတွေကို ကိုက်ချင်တယ်.."

သုသု စကားကြောင့် ဇိုင်း မျက်နှာပြုံးပြုံးနှင့်..။

"ကိုကို့ ကို ကလေးပိုင်တာပဲ ကလေးကြိုက်သလိုလုပ်နိုင်တယ်.."

ဇိုင်း ပြောပြီးသည်နှင့် သုသု ဇိုင်း နှုတ်ခမ်းတွေဆီ ဦးဆောင်ကာ ခြေဖျားထောက်ပြီး နမ်းနေသည်မို့ ဇိုင်း အနည်းငယ်ခါးကိုင်းပေးကာ သုသု ရဲ့ဆန္ဒအတိုင်းနေနေသည်။ သုသု ဇိုင်းနှုတ်ခမ်းတွေကိုနမ်းရှိုက်နေရင်း အသဲယားကာ ခပ်နာနာလေးကိုက်လိုက်သည်။ သုသု သွားဆွယ်အချွန်လေးနဲ့ ကိုက်ချလိုက်တာကြောင့် ဇိုင်း ငံကျိကျိသွေးအရသာနဲ့အတူ ဇိုင်း နှုတ်ခမ်းတစ်လုံးပေါက်ပြဲနေမှန်းသိပေမယ့် နာကျင်တယ်ဟုပင် မသတ်မှတ်နိုင်ပေ ။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now