ဒီရက်ပိုင်း ဦးဇိုင်း နဲ့ ကျော်ထက် နှစ်ယောက်သားရှိသမျှအလုပ်တစ်ချို့ကိုအပြတ်ဖြတ်နေသည် .. အကြောင်းကတော့ လာမယ့်အပတ်မှာ ကလေးတွေရဲ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် မိသားစုပျော်ပွဲစားခရီးထွက်ချင်တာကြောင့်ပင် ။
ဦးဇိုင်း သည် လုပ်ငန်းအတွက်အချက်ချာကြတဲ့နေရာတစ်ခုတွေ့ထားတာကြောင့် Company အတွက်တစ်ခုဆောက်လုပ်ခဲ့သည် ။
အခုဆို ထို Company ခွဲရဲ့ နှစ်ပတ်လည်ရောက်လာတာကြောင့် ပိုလို့တောင်အလုပ်များနေတော့သည် ။
သို့ပေမယ့် ဇိုင်း ဟာ Company အလုပ်တွေဘယ်လောက်များများ အိမ်မှာ သုသုလေးတို့နဲ့ရှိနေတဲ့အချိန် ဘယ်တော့မှအလုပ်ကိစ္စမလုပ်ပေ ။ ကျော်ထက်လဲ ထိုနည်းတူစွာပင် ။
ကျော်ထက်သည် ဇိုင်း Company ရဲ့အလုပ်တစ်ချို့အပြင် တဖက်က ကိုယ်ပိုင် Company ပါ လုပ်ရတာပေမယ့် သူ့အတွက်က Boss ရဲ့ ထောက်ခံမှု့ကြောင့်အစစအရာရာအဆင်ပြေသည် ။ အခုဆို ကျောင်ထက် သည် ဝန ကိုအရင်လို Company မသွားခိုင်းတော့ပဲ သခင်လေးတို့နဲ့အတူ သမီးလေးကိုပဲစောင့်ရှောက်ကာအိမ်တွင်နေခိုင်းသည် ။
ဇိုင်း သည် သူ့ရဲ့ချစ်ရတဲ့သုသုလေးနဲ့ သားအမွှာလေးနှစ်ယောက်အပြင် အားကိုးရတဲ့တပည့်ဖြစ်သူမိသားစုပါ သူ့လက်အောက်မှာအေးအေးချမ်းချမ်း ပျော်ရွင်နေတာမြင်ရတာကြောင့် စိတ်ချမ်းသာနေရသည် ။
ထိုအိမ်လေးထဲက ပျော်ရွင်စွာရယ်မောနေတဲ့ဆည်းလည်းသံလေးတွေအတွက် ဖခင်တွေဖြစ်တဲ့ ဇိုင်း နဲ့ ကျော်ထက်ရဲ့ အလုပ်ပင်ပန်းမှု့ဟာဘယ်လိုမှပင်မခံစားလိုက်ရ ။
ဇိုင်း နဲ့ ကျော်ထက်သည် မနက်ဖြန် ပျော်ပွဲစားအတွက် ဂျယ်ဂျုကျွန်းကိုပျော်ပွဲစားထွက်ရန်ပြင်ဆင်နေပေမယ့် အိမ်သူသက်ထားတွေကတော့ ဘာမှမသိသေး ။
" ကျော်ထက် .... လေယာဉ်အတွက်အဆင်သင့်ဖြစ်ပြီလား"
" ဟုတ်ကဲ့ Boss .... အဆင်သင့်ဖြစ်ပါပြီ .. မနက်ဖြန်ကျွန်တော်တို့ ဘယ်အချိန်လောက်စထွက်ကြမလဲ "
" မနက်ပိုင်းလောက်ထွက်မယ်လေ .. အိမ်က ကလေးတွေကိုတော့ ဒီညပြောပြကြတာပေါ့ "
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။