❤ ကိုကိုရဲ့ကလေးငယ် ၆ ❤

197K 13.3K 495
                                    

Unicode...
>>>>>>>>

.
.

MYAT Company ရှေ့တွင် အဆင့်မြင့်ကားအနက်ရောင် ၃စီးဝင်လာသည် ၎င်းထိုကားအနက်၃စီးထဲမှအလယ်က ကားထဲကနေထွက်လာသောသူသည် တည်ကြည်ပြတ်သာသောဟန်နှင့် ယုံကြည်ချက်အပြည့်မာန်ပါပါဆင်းလာသည်။

နိုင်ငံခြားသားနီးပါးဖြူဖွေးနေတဲ့အသားရေပါရှိပြီး ထိုအသားရေနဲ့လိုက်ဖက်စွာသွေးကြောစိမ်းလေးတွေမှာလဲ ယှက်ပြေးနေသည် ထိုသူကတော့ ဦးမြတ်မင်းခန့်။ အသက် 28 ရှိ MYAT Gourp ကုမ္ပဏီ ရဲ့ CEO ဖြစ်သည်။

ပုံမှန်ဆိုရင်အလုပ်ကိစ္စတွေအတွက်နိုင်ငံခြားမှာပဲအနေများပေမယ့် အခုအခါမှာတော့မြန်မာပြည်မှာအခြေတကျနေထိုင်ရန်ပြန်လာတာဖြစ်သည်။
ထိတ်တန်းလူချမ်းသား Top 2စာရင်း၀င်မို့ မြတ်မင်းခန့်ရဲ့ MYAT Gourp ကိုပြိုင်ပြီးတိုက်နိုင်သူရယ်မရှိ။ လူတစ်ယောက်မှလွှဲ၍...

ဒီတစ်ခေါက် မြတ်မင်း မြန်မာပြည်ကိုပြန်ရောက်လာခြင်းမှာအရေးကြီးဆောက်လုပ်ရေးProjectတစ်ခုကိုလေလံဆွဲရမှာကြောင့်လဲပါသည်။ တခြားစီးပွားလုပ်ငန်းရှင်တွေကိုမမှု့ပေမယ့် ထိုလူတစ်ယောက်ကိုတော့ ပေါ့ဆ၍မရမှန်း မြတ်မင်းသိသည်။ ကုမ္ပဏီ ထဲ၀င်သည်နှင့်အတွင်းရေးမှုးနဲ့နောက်လိုက်တချို့ပါလိုက်လာသည်။

"ဒီတခေါက် Project အတွက် အစစအရာရာပြင်ဆင်စရာရှိတာပြင်ထား နဲနဲလေးတောင် မလွဲချော်စေနဲ့ ဒီ Project ကို ငါတို့ရမှဖြစ်မယ်"

"ဟုတ် ကျွန်တော်တို့အကုန်ပြင်ဆင်ထားပါတယ်"

"ဒါနဲ့ အဲ့လူ အခုတလောငြိမ်လှချည်လား ဘာတွေကြံစည်နေတာလဲ"

"ကျွန်တော်တို့လူတွေပြောစကားအရ ဘာလှုပ်ရှားမူ့မှမရှိသေးဘူး ဆရာ"

"သေချာစောင့်ကြည့်ခိုင်းထား တခုခုထူးခြားရင်ငါ့ကိုပြော"

"ဟုတ်ကဲ့ ဆရာ"

ပြောပြီးတာနဲ့အကုန်လုံးကိုထွက်သွားခိုင်းလိုက်သည်။

*ဇိုင်းဇတ်ဇတ်ဇော် မင်းဘယ်ခြေလှမ်းတွေလှမ်းနေတာလဲ ငါ့ဘ၀မှာအားလုံးကိုအနိုင်ယူလာခဲ့ပေမယ့် မင်းကိုတော့အမြဲရှုံးခဲ့ရတယ် အဲ့အရူံးကအခုထိပဲ ။အဲ့တာကြောင့်ငါတို့ယှဉ်ပြိုင်မှု့က ဘယ်တော့မှအဆုံးမသတ်စေရဘူး...*

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now