Unicode...
>>>>>>>>.
."ကိုကိုရေချိုးမလား..ကလေး အ၀တ်စားတွေနဲ့ကိုကိုနဲ့တော်မှာမဟုတ်ဘူး..ကလေးဦးလေးဆီကသွားယူပေးမယ်လေ"
ဇိုင်း သုသု အခန်းထဲရောက်သည်နှင့် အခန်းအတွင်းကိုလိုက်ကြည့်နေသည်။ ပြတင်းပေါက်တစ်ခုနဲ့ စာရေးစားပွဲရုံတစ်ခုနဲ့မီးဆိုင်းလေး။
အ၀တ်စားထည့်ဗီဒို တစ်ခုနဲ့ ကုတင်ကျယ်ပဲရှိတယ့် ဒီအခန်းလေးဟာ ဇိုင်း ရဲ့ အိပ်ခန်းတစ်၀က်လောက်ပဲရှိပေမယ့်..။အခန်းအပြင်ဆင်မှာ ရိုးရိုးရှင်းရှင်းနဲ့သက်သက်ရပ်ရပ်လေး ယောက်ကျားလေးတစ်ယောက် အခန်းလို့ပြောလို့တောင်ထင်နိုင်ဖွယ်မရှိလောက်အောင် သန့်ပြန့်လွန်သည်မို့ ဇိုင်း လိုက် ကြည့် နေ သည်။
အိပ်ရာပေါ်မှာလဲ ဖက်အိပ်တဲ့အရုပ်တွေမှဆိုဒ်စုံလို့ တကယ့်ကလေးလေးတိုင်းပဲ..အဲ့တာကြောင့် ဇိုင်း နဲ့အိပ်တိုင်း ဖက်ထားလိုက်တာ သူ့အရုပ်ထင်နေတာများလား ဇိုင်း ပြုံးနေမိသည်။
"ကိုကို..."
"ဟင်..အင်း ကလေးဘာပြောလိုက်တာလဲ ကိုကို စောနကသေချာမကြားလိုက်လို့"
"ကလေးပြောတာက ကိုကို ဒီမှာအိပ်လို့အဆင်မပြေဘူးထင်တယ်လို့"
"ဘာလို့လဲ..ကလေး"
"ကလေးအခန်းက ကျဉ်းကျဉ်းလေးလေ..ကိုကို အိပ်ရမှာ အဆင်မပြေလောက်ဘူး..အဲ့တာကြောင့် ကိုကို စံအိမ်ပြန်လိုက်ပါလား..နောက်နေ့မှ ကလေးကိုလာကြိုလေ..ဟင်"
သုသုစကားကြောင့် ဇိုင်း မျက်နှာပျက်ကာ တည်သွားသည်။ဇိုင်း သုသု ခါးကိုဖက်ပြီး ရုပ်တည်တည်နဲ့...။
"အဲ့တော့ ကလေးက ကိုကို မရှိပဲ ဒီမှာနေခဲ့မယ်ပေါ့ ပြီးတော့ ကိုကို့ ကိုပြန်ဆိုတဲ့သဘောလား..ကလေးမေ့နေပြီထင်တယ် ကိုကိုရှိတဲ့နေရာက ကလေးအိမ်ပဲလို့ပြောထားတယ်လေ..အခုကလေး ကိုကို့ကိုပြန်ခိုင်းရင် ကလေးပါပြန်လိုက်ရမှာနော်..ပြန်မလား..ပြော"
သုသု ကိုကို့ကိုကြည့်ပြီး ရယ်ချင်စိတ်ပိုမနည်းထိန်းထားရသည်။ ကြည့်ပါလား ကိုကိုကတစ်ခါတလေ အရမ်းကလေးဆန်ပါတယ်ဆို..အခုလဲ သူ့ကိုပြန်ခိုင်းလို့ လေသံအေးအေးနဲ့ချိန်းခြောက်နေတာ ။
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။