Unicode...
>>>>>>>>.
.တီ~တီ~တီ~ !!
သုသု စာမေးပွဲကာလတုန်းက မနက်ခင်းစာကျက်ချိန်နဲ့ ကျောင်းတတ်ချိန်နောက်ကျမှာစိုးတာကြောင့် နာရီAlarmပေးထားတာကြောင့် ဒီနေ့သည်လဲနာရီလေးမှာသူ့ပုံမှန်အလုပ်ကိုထမ်းဆောင်လျှက်။ ခါတိုင်းဆို Alarm အသံတို့ကြားသည်ကိုကျေးဇူးတင်သလိုရှိပေမယ့် အခုအခါမှတော့ ဇိုင်းအတွက်စိတ်တိုစရာ တစ်ခုလိုတစ်စစီပေါက်ခွဲပစ်ချင်စိတ်တစ်ဖွားဖွားပေါ်နေတော့သည် ။
ဇိုင်း ရင်ခွင်ထဲကကလေးပေါက်စကိုကြည့်မိတော့ ဇိုင်း ဘယ်ဘက်လက်မောင်းတစ်ဖက်ကိုခေါင်းခုကာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလို့နေသည် ။ ချစ်ရသူမျက်နှာလေးကြည့်ပြီးနိုးထလာရတဲ့မနက်ခင်းဟာဇိုင်းအတွက်အေးချမ်းမှု့အပြည့်နှင့်။
လျှော့ရဲနေတဲ့ ညအိပ်၀တ်စုံလေးမှာ ဇိုင်း ပေးထားသော ထင်ပေါ်နေတဲ့လည်တိုင်ကအမှတ်အသားတစ်ချို့နဲ့ညှပ်ရိုးတစ်လျှောက်ကိုက်ရာလေးများနဲ့လှချင်တိုင်းလှလို့သည်ကြောင့်ဇိုင်းစိတ်ကျေနပ်စွာပြုံးမိသည်။ ညကအိပ်ပျော်နေတဲ့ကလေးကိုထိုင်ကြည့်နေတာ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည် ဇိုင်း အိပ်ရေးမ၀ပေမယ့်လဲ ညကတည်းကအိမ်တော်ထိန်းနဲ့အလုပ်သမားတွေကိုမလာခိုင်းထားတာမို့ အခုကလေးအတွက်မနက်စာပြင်ပြီး ဆေးတိုက်ရန်ထမှဖြစ်မည် ဇိုင်း ကလေးနှာဖူးလေးကိုအသာယာနမ်းရင်းထလာခဲ့သည်။
>>>>>>>>>>>>
သုသု နိုးလာတာနဲ့အနားမှာရှိမနေပဲ အေးစက်စက်အိပ်ရာကိုစမ်းမိတာကြောင့် သုသု စိတ်ထဲအနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။
ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတော့ သန့်ရှင်းပြီးသားခန္ဓာကိုယ်နဲ့သပ်ရပ်စွာ၀တ်ထားတဲ့ အ၀တ်စားတို့ကြောင့် ညက ကိုကို သန့်ရှင်းပေးခဲ့မှန်း သိလိုက်သည် ။ ညကအဖြစ်ပျက်တိုင်းကိုပြန်မြင်ယောင်မိလာတော့ သုသု ရှက်လာတာကြောင့် မျက်နှာထက်ကပါးမို့မို့လေးပင် နီဆွေးဆွေးဖြစ်လို့နေပြီ တစ်ဆက်တည်း ကိုကို မရှိသည်မှာတော်သေးသည်ဟုပြန်တွေးနေမိသည်။
![](https://img.wattpad.com/cover/203669936-288-k359748.jpg)
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။