❤ ကိုကိုရဲ့ကလေးငယ် ၂၉ ❤

137K 9K 293
                                    

Unicode...
>>>>>>>>

.
.

Ring..~~Ring..~!

"အခြေနေဘယ်လိုလဲ"

".........."

"ကောင်းပြီ..ရှင်းလိုက်တော့.."

ကလေးနဲ့ Accident ဖြစ်တဲ့ကောင်တွေကို စုံစမ်းကြည့်လိုက်တော့ ညကတည်းက ကလပ်မှာသောက်စားပြီး အမူးမပြေသေးပဲကားမောင်းရင် လမ်းချိုးထဲကွေ့အ၀င်..တဖက်က စီးလာတဲ့ကလေးစက်ဘီးနဲ့၀င်ကျုံးမိတာ..။ကလေးကလန့်ပြီး စက်ဘီးကိုဘေးဆွဲချသွားလို့ အရှိန်နဲ့မတိုက်မိပဲ ပွတ်ဆွဲမိသွားတာ..။

ကြီးကြီးမားမားရယ်လို့မဖြစ်ပေမယ့် လှဲကျသွားတဲ့အချိန်လမ်းဘေးအုတ်ဘောင်နဲ့ရိုက်မိပြီး ခေါင်းကွဲသွားတဲ့အပြင် ခြေ/လက်တွေမှာလဲပွန်းပဲ့လို့..။

*ဇိုင်း ကိုယ်တိုင်တောင် ထိခိုက်မှာစိုးလို့ ပိုးမွေးသလိုထားတဲ့ ကလေးကို အခုလောက်ထိ ဖြစ်သွားအောင်လုပ်တဲ့..သူတို့ သေ.သင့်.တယ်..*

ဖုန်းချပြီးတာနဲ့မွေ့ယာထက်မှာအိပ်နေတဲ့ ကလေးအနားသွားလိုက်သည်။ ပိုးသားလေးလိုနူးညံ့ပြီးနေတဲ့ ကလေး မျက်နှာလေးဟာ ပကတိဖြူစင်မှု့အပြည့်..ဇိုင်း ရင်အနာဆုံး ခေါင်းပတ်တီးလေးအစား ပလာစတာ လေးကပ်လျှက်..ဖြူဖွေးနေတဲ့ အသားရည်ပေါ်က ကလေး ခြေလက်လေးတွေမှာပဲ ပွန်းပဲ့ရာလေးတွေထင်းလို့..။

*စဖြစ်တုန်းက ဘယ်လောက်တောင်လန့်ပြီးကြောက်နေမလဲ အချစ်ရယ်*

တညလုံးဒဏ်ရာအရှိန်နဲ့အဖျားတွေတတ်ပြီး ညလယ်လောက်ထိမအိပ်ပဲဂျီနေလို့ ဇိုင်း ကိုယ်တိုင်သေချာချော့သိပ်မှအိပ်ပျော်သွားသည်မို့ အခုထိမနိုးသေး..တညလုံး သုသု ကိုပြုစုနေတာကြောင့် ဇိုင်း တစ်ရေးမှမအိပ်ရသေးပေမယ့် ကိစ္စမရှိ..။

အရင်ကဆို အလုပ်ကိစ္စတွေကြောင့် ၃/၄ရက်လောက်တောင်မအိပ်ပဲနေနိုင်သည်လေ..။

အဖျားမပျောက်သေးတဲ့ကလေးက အိပ်ရာနိုးတာနဲ့ဂျီကျမှာမို့ ဇိုင်း သုသု မနိုးခင် ရေချိုး/သန့်ရှင်းရေးလုပ်ထားလိုက်သည်။

              >>>>>>>>>>>>>>>>>>>

မြတ်မင်း ရုံးခနထဲမှာထိုင်ရင်း ကန်တင်းမှာ ရယ်မောနေတဲ့ သုသုပုံလေးကို ခိုးရိုက်ထားပြီး အခုတော့ အလွမ်းပြေကြည့်နေမိသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now