Zawgyi..............။
ဒီညနေ Boss ကိုခွင့်တောင်းပြီး ကျော်ထက် ရုံးစောစောဆင်းခဲ့သည်...။
အကြောင်းကတော့ သူရဲ့ Bae လေးကို ကလေးလေးမွေးပေးဖို့ မဲဆွယ်ရမယ်လေ....။
ကျော်ထက် ရုံးဆင်းတာနဲ့ ဝန တို့ Company ကို တန်းလာခဲ့သည်....။
တော်ရုံကိစ္စမရှိရင် မလာတတ်တာမို့ အခု ကျော်ထက်လာသည်ကို Company က လူတွေက အထူးဆန်းလို လိုက်ကြည့်နေကြသည်...။
ဝန သည် Company မှာ CEO အဖြစ်အုပ်ချုပ်နေပေမယ့် စိတ်ရင်းကောင်းတဲ့ CEO ဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ ချစ်ခင်မှု့ကိုရရှိသလို...သဘောကောင်းလို့အခွင့်ရေးယူချင်တဲ့လူတွေလဲ ရှိသည်......။
သို့သော် ကျော်ထက်ကို ကြောက်တာကြောင့် ဘယ်သူမှ လိုတာထက်ပိုပြီး ဝန ကို မရောရဲကြပေ....။
ကျော်ထက်သည် Company ရဲ့ အုပ်ချုပ်သူဖြစ်တဲ့အလျှောက် မျက်နှာတည်တန့်စွာနေထိုင်ပြီး အလုပ်ကိစ္စနဲ့ပက်သတ်လာရင်လဲ ဘယ်သူ့ကိုမှအလျှော့မပေးပဲ... Boss လမ်းစဉ်အတိုင်း နေသည်ကြောင့်..... ။
ကျော်ထက် ကိုတော့ ရှယ်ယာရှင်တွေရော ဝန်ထမ်းတွေပါ ကြောက်ကြသည်...။
ကျော်ထက် သည် ဝန ရုံးခန်းကိုသွားလိုက်သည်နှင့် ရုံးခန်းအပြင်စားပွဲမှာရှိတဲ့ စာရေးမတစ်ဦးက ခေါင်းငုံ့ပြီး ကြိုဆိုသည်....။
ကျော်ထက် စာရေးမလေး ကို လက်ကာပြကာ ဝန ကို အသိမပေးစေပဲ ရုံးခန်းတံခါးကိုခေါက်လိုက်သည်.....။
ဒေါက်.........ဒေါက်..........။
"ဝင်ခဲ့ပါ........"
ကျော်ထက် တံခါးခေါက်ပြီးသည်နှင့် အထဲက ဝင်ခဲ့ပါ အသံကြားသည်နှင့် အခန်းထဲဝင်လာသည်......။
ကျော်ထက်အခန်းထဲရောက်သည်ထိ စားပွဲပေါ်မှာ စာရွက်စာတမ်းတွေနဲ့အလုပ်ရှုတ်နေတဲ့ ဝန ကတော့ ခေါင်းမော့ကြည့်မလာသေးတာကြောင့်...။
ကျော်ထက် သည် ခြေသံဖွဖွနင်းကာ ဝန ကို အနောက်ကနေ သိုင်းဖက်လိုက်သည်......။
"အမေ့.......!!"
ကျော်ထက်ဖက်လိုက်တာကြောင့် ဝန အလန့်တကြားလှည့်ကြည့်လိုက်သည်....။
![](https://img.wattpad.com/cover/203669936-288-k359748.jpg)
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။