❤ ကိုကိုရဲ့ကလေးငယ် ၂၆ ❤

139K 8.7K 131
                                    

Unicode....
>>>>>>>>

.
.

"ကိုကို"

"ဟင်..ပြောလေ..ကလေး"

"ကလေး ကိုကို့ ကိုမေးချင်တာလေးရှိတယ်"

ဧည့်ခန်းမှာ ကွန်ပြူတာ တစ်လုံးနှိပ့်ပြီးအလုပ်လုပ်နေတဲ့ ဇိုင်း ပေါင်ပေါ်ခေါင်းအုံးလှဲရင်း သုသု သိချင်တာကိုမေးနေသည်။ ဇိုင်း ကွန်ပြူတာ ကိုလက်တစ်ဖက်နဲ့နှိပ့်နေပြီး နောက်လက်တစ်ဖက်က သုသု ခေါင်းဆံပင်လေးတွေကိုပွတ်ကာနေသည်။

"ဘာမေးချင်လို့လဲ ကလေးရဲ့ မေးလေ"

"ဒီလိုလေ ကိုကိုရဲ့..ကလေးကိုခေါ်လာတဲ့အချိန်ထဲက အခုထိကလေးအိမ်ကိုလဲမပြန်ရသေးဘူး"

သုသု စကားကြောင့် ဇိုင်း ရိုက်လက်စ ကွန်ပြူတာ ရပ်တန့်သွားပြီး မျက်နှာအနည်းငယ်တည်သွားသည်။

"အဲ့တော့ ကလေး က အိမ်ပြန်ချင်နေတာလား"

"ကိုကိုကလဲ ကလေးစကားလဲဆုံးအောင် နားထောင်မပေးဘူး"

ဇိုင်း ပေါင်းပေါ်လှဲလျှက် စိတ်ဆိုးသလိုလေး နှုတ်ခမ်းဆူပြီး ပြောတော့ သုသု စိတ်ဆိုးမှာဆိုး ကာ...

"Ok ok Sorry ကလေးပြောလေ ကိုကိုဆုံးအောင်နားထောင်နေတယ်"

"အင်း ပြီးရော..ဒါနဲ့ပြောနေတာတောင် ဘယ်ရောက်သွားပြီလဲ..အော် အဲ့တာကြောင့် ဒေါ်ဒေါ်တို့က သုသုကိုဘာလို့လိုက်မရှာတာလဲ ပြီးတော့ သူတို့တွေအဆင်ရောပြေရဲ့လား သိချင်လို့ ကိုကိုစုံစမ်းပေးပါလားဟင်.."

"ကလေး က သူတို့ကို သတိရလို့လား"

"ဟုတ် ကလေးမှာ မိသားစုဆိုလို့ ဒေါ်ဒေါ်တို့နဲ့တောရွာက ကြီးမေကြီး နဲ့ပဲရှိတော့တာလေ"

၀မ်းနည်းပြီး အဖျားခတ် တုန်ယင်သွားတဲ့အသံလေးနဲ့ သုသုစကားကြောင့် ဇိုင်းစိတ်မကောင်းဖြစ်သွားသည် သုသု မျက်နှာလေးကိုစိုက်ကြည့်ရင်း နှာဖူးလေးကိုငုံ့နမ်းပြီး....

"ကလေး"

ဇိုင်း ခေါ်လိုက်တော့ မျက်ရည်၀ဲလျှက် ပြုံးပြရင်း သုသုလေး မော့ကြည့်လာသည်။

"ကလေး ကိုကို့ဘ၀ထဲကို၀င်လာထဲက..ဖွားဖွားပြီးရင် ကလေးက..ကိုကို့မိသားစု ကိုကို့ဘ၀ပဲ..ကလေးအမျိုးတွေ ကလေးကိုပစ်ထားခဲ့ရင်တောင်..ကိုကို က ကလေးအနားကဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး ။ ကလေး မှာ ဆွေမျိုး မိသားစုဆိုလို့ သူတို့ပဲရှိတာမဟုတ်ဘူး.. ဖွားဖွားနဲ့ကိုကို ကလဲ ကလေးရဲ့အရေးကြီးတဲ့မိသားစုတစ်ခုပဲ... ဖွားဖွားက ကလေးကိုမမြင်သေးလို့ ကလေးကိုမြင်ရင် အရမ်းချစ်ကြမှာ..အဲ့တာကြောင့် အဲ့တာနဲ့ ပက်သတ်ပြီး..စိတ်မကောင်းစရာတွေမတွေးနဲ့တော့နော်"

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now