❤ ကိုကိုရဲ့ကလေးငယ် ၄၁ ❤

119K 7.7K 465
                                    

Unicode...
>>>>>>>>

.
.

ဇိုင်း သုသုလေးကိုခေါ်ပြီး ဇိုင်း အရင်နေခဲ့တဲ့အခန်းကျယ်မှာပဲ အတူနေသည်။

ဖွားဖွားနဲ့ ကလေးကို တွေ့စေချင်လို့သာ ဒီကိုခေါ်လာရပေမယ့် တကယ်တမ်း အအေးဓာတ်မခံနိုင်လို့ ခဏခဏဖျားတတ်တဲ့ဒီကလေးကြောင့် ဇိုင်း သဘောအတိုင်းဆိုမခေါ်လာချင်။

နဂိုထဲက ကျန်းမာရေးချုချာတဲ့ကလေးကို ဇိုင်း အရိပ်တကြည့်ကြည့်နှင့် ပိုဂရုစိုက်နေရသည်။

*​ဒေါက်...ဒေါက်....*

"သခင်လေးရှင့်...သခင်မကြီးက ညစာစားဖို့ခေါ်ခိုင်းလိုက်လို့ပါ..."

ဇိုင်း အခန်းရောက်သည်နှင့် အေးလို့ပြန်ခွေနေတာ အချိန်ဘယ်လောက်ကြာသွားလဲတောင်မသိ အသံတံခါးခေါက်သံကြားမှ ဇိုင်း နိုးကြာသည်။

" ကျစ်...ကလေးလန့်နိုးတော့မှာပဲကွာ...."

ဇိုင်း လက်မောင်းပေါ်မှာ အိမ်မောကျနေတဲ့ သုသုလေး လန့်နိုးသွားမှာစိုးတာကြောင့် ဇိုင်း သုသု နားလေးကို လက်အုပ်ထားပြီး...

"လာခဲ့မယ်..."

ပြောပြီးသည်နှင့် ဇိုင်း လက်မောင်းပေါ်က ကလေးကို နှိုးရန်ပြင်လေသည်။

" ကလေး...ကလေးလေး...ထတော့လေ ညစားစားချိန်ရောက်နေပြီ ကလေးရဲ့"

" အွန်း..ကိုကို ၅ မိနစ်....."

ပါပီပေါက် က စံအိမ်မှာရောက်နေတယ် မှတ်နေလား မသိ ၅ မိနစ်ဆိုပြီး လက်လေး ၅ ချောင်းထောင်ပြပီး ဇိုင်း ရင်ခွင်ထဲအတင်းတိုးဝင်ပြီး ဖက်တောင်ထားလိုက်သေးတယ်..။

" ဟေ့ ကလေးလေးထတော့လေ ကိုကို့အချစ်လေးရဲ့အောက်မှာဖွားဖွားက ညစာစားဖို့စောင့်နေတယ်လေ အချစ်လေးရယ် .. ဟင် မထချင်ဘူးလား"

ဖွားဖွားခေါ်နေတယ်လို့ပြောလိုက်တာနဲ့ ချက်ချင်း မျက်လုံးဖွင့်လာပြီး ဇိုင်း ကိုမော့ကြည့်ကာ ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်နေသေးတာ ပြီးမှ ထထိုင်ကာ...

" ဟာ..ကိုကို... ကလေးတို့ ဖွားဖွားဆီရောက်နေတာပဲ.."

"ဟောဗျာ ဟုတ်တယ်လေ ကလေးရဲ့ ကလေးက ကိုကိုတို့စံအိမ်မှာထင်လို့လား.. "

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now