❤ ကိုကိုရဲ့ကလေးငယ် ၄၅ ❤🔞

147K 7.3K 632
                                    

Unicode...
>>>>>>>>>

.
.

"အကို့ကို ချစ်ချင်လို့.."

ဝန စကားကြောင့် ကျော်ထက် ကြောင်အသွားသည်။ အခုနေ ဝန ပုံစံ က လူကြီးပုံဖမ်းထားတဲ့ ကလေးတစ်ယောက်လိုမို့ ကျော်ထက် သဘောကျနေပြန်သည်။

တကယ်တမ်း ကျော်ထက် ဗလနဲ့ခန္ဓာကိုယ် ကို ဝန နဲ့ယှဉ်လိုက်ရင် ကျော်ထက်အသာကြီးပါ ... သို့ပေမယ့် ရုတ်တရက် လက်ကိုဆွဲဆောင့်ပြီး မထင်မှတ်ထားတဲ့ အနမ်းခံလိုက်ရတာကြောင့် ကျော်ထက် အားပျော့သွားသလိုဖြစ်သွားခဲ့တာ...
ဘယ်အချိန်က စမှန်းမသိပေမယ့် ကျော်ထက် ဒီကောင်လေးကို ကာကွယ်ပေးချင်တယ် ဂရုစိုက်ပေးချင်နေမိတယ်။

အရင်ကတော့ ဝနရော ကျော်ထက်ပါ Boss နဲ့အတူကုမ္ပဏီ ကိစ္စတွေချည်း တစ်ယောက်မျက်နှာ တစ်ယောက်မတွေ့အားတဲ့အထိ လုပ်နေတာကြောင့် အလုပ်ကိစ္စမဟုတ်ရင် ပြောစရာစကားမရှိသလို...ခပ်ခွာခွာနေခဲ့ပေမယ့်

သခင်လေး ရောက်လာတဲ့အချိန်ထဲက Boss က ဝနကို သခင်လေး ဘေးမှာ စောင့်ရှောက်ဖို့ထားသည်ကြောင့် သခင်လေးနဲ့အတူ ဝန ကစားပေးနေတာတွေ ပြုံးရယ်နေတာတွေကို မြင်လိုက်ရတော့ ကျော်ထက်ကိုယ်တိုင်တောင်မသိလိုက်ပဲ လိုက်ကြည့်နေမိတာကို နောက်ပိုင်း ကိုယ့်ကိုယ်ကိုသတိထားမိခဲ့သည်....။

ကျော်ထက်စိတ်ထဲမှာ ဝန ကို သခင်လေးနဲ့အတူ အိမ်မှာနေခိုင်းတာလဲကောင်းတယ် လို့ထင်နေမိတယ်...ဝန ခန္ဓာကိုယ်က ဗလ ​တောင့်တောင့်မဟုတ်ပဲ မင်းသားတွေလိုBody မျိုး အသားရောင်က အဖြူဖွေးကြီးမဟုတ်ပဲ ညိုတိုတိုလေးနဲ့ အတော်ကြည့်လို့ကောင်းတဲ့ ထဲမှာပါသည်။

သိုပေမယ့် ပျော့ဖတ်နေတာမျိုးမဟုတ်။ ဗလ ကြီးကြီးမဟုတ်လို့အထင်တော့ မသေးလိုက်နဲ့ ကျော်ထက် ကို မယှဉ်နိုင်ပေမယ့် တော်ရုံ တန်ရုံသက်တော်စောင့် လောက်ကို စာမဖွဲ့ တိုက်ရည်ခိုက်ရည်ရော ပြောစရာမရှိ။

ဝန အတွက် တော်ရုံတန်ရုံ ရန်သူကိုမမှု့ပေမယ့် အခုနောက်ပိုင်း ကျော်ထက်ကတော့ ဝန ကို သခင်လေးနဲ့အတူ အိမ်မှာပဲနေစေချင်မိသည်..။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Donde viven las historias. Descúbrelo ahora