❤ ကိုကိုရဲ့ကလေးငယ် ၃၁ ❤

139K 9.2K 910
                                    

Unicode...
>>>>>>>>>

.
.

"ဟယ်..ကိုဇိုင်း..တိုက် ဆိုင် လိုက် တာ.."

အသံကြားရာလှည့်ကြည့်လိုက်တော့ ရတုခေတ်ဆက် ဆိုတဲ့သူမ။

စကပ်ပေါင်တို အဖြူအနက်အစင်းကျားလေးနဲ့အကျီခါးတိုလက်ပြတ်အဖြူရောင် ကို၀တ်ဆင်ထားတဲ့ သူမဟာသန့်ပြန့်စွာလှပလို့နေသည် မျက်မှန်ကိုဟန်ပါပါ၀င့်ကြွားစွာပင့်တင်ပြီး စကားပြောပုံက အထက်တန်းဆန်ဆန်...။

"အော် ရတု.."

ဇိုင်း ပုံစံက အေးစက်စက်နဲ့ပင်..။

"ထိုင်မယ်နော်.."

ဇိုင်း ဆီကိုခွင့်တောင်းရင် မရမှန်းသိသူမို့ သူမ သုသုဘက်လှည့်ကာ ခွင့်တောင်းသလိုလေပြောတော့ သုသု အလိုက်သိစွာပင် ။

" ဟုတ် ထိုင်ပါ မရတုခေတ်ဆက် "

သုသုခွင့်ပြုသည်နှင့် သူမ ဇိုင်းဘေးနားကခုံမှာ၀င်ထိုင်လိုက်သည်။

" အစ်မကို ရင်းရင်းနှီးနှီးပဲ မရတု လို့ခေါ်လဲ ရပါတယ်ကွယ် "

" အာ ဟုတ်ကဲ့..မရတု "

နဂိုတည်းက နီးကပ်နေတဲ့ခုံကို သူမ ဇိုင်းဘက်ကိုနည်းနည်းပိုတိုးကာရွေ့ထိုင်လိုက်တော့ ဇိုင်း ခုံနဲ့ပို၍ပင်နီးကပ်သားသလို..။ သုသုလေးထက်ပင် ပိုနီးကပ်ကာလာထိုင်နေတဲ့သူမကို ဇိုင်းသဘောမကျ..။ ဇိုင်းသဘောမကျသလို သုသုလဲမကြိုက်ပါ ။

သို့ပေမယ့် ကိုကို ကိုယ်တိုင်က အလိုက်သင့်ဆက်ဆံနေတာကိုကြည့်ပြီး သုသု လဲ ဘာမှမပြောတော့ပဲ အလိုက်သင့်ပြန်ဆက်လိုက်မယ်ဟု စဉ်းစားလိုက်သည်။

"ရတု က ဒီမှာနေ့လည်စာလာစားနေကြလေ ကိုဇိုင်းတို့နဲ့တွေ့တော့မှ အဖော်ရသွားတာ ရတု လဲ ကိုဇိုင်းတို့နဲ့အတူတူစားလို့ရတယ်မလား "

သူမ မေးသည်ကို ဇိုင်း မဖြေပဲ သုသု ကိုကြည့်ကာ ဘယ်လိုလဲဆိုတဲ့ သဘောနဲ့..မျက်ခုံးပင့်ပြလိုက်သည်။ ထိုအခါ သုသု က ခွင့်ပြုတဲ့သဘောနှင့် ပြုံးပြပြီးခေါင်းညှိမ့်လိုက်မှ ဇိုင်း လက်ခံသည်။

"ကောင်းပီလေ စားကြတာပေါ့.."

"ဒီကမောင်လေးနာမည်က သုသုလား.."

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now