❤ ကိုကိုရဲ့ကလေးငယ် ၂၁ ❤

178K 10.6K 337
                                    

Unicode...
>>>>>>>>

.
.

"ကိုကို"

"ဒီနေ့ရော Company မသွားဘူးလား"

ကုတင်ခြေရင်းက စားပွဲမှာကွန်ပြူတာတစ်လုံးနဲ့အလုပ်ရှုတ်နေတဲ့ ကိုကို့ဘေးနားသွားပြီး မေးလိုက်သည်။

"မသွားဘူးကလေး..အလုပ်တွေကိုအိမ်မှာပဲလုပ်မှာ..အရေးကြီးကိစ္စရှိမှပဲ သွားမယ်"

သုသုခြေထောက်ဒဏ်ရာဖြစ်ပြီးထဲက ကိုကိုကအရင်ကထက်ပင် ပို၍စိတ်မချဖြစ်လာသည်။
Company ကိစ္စတွေကိုအိမ်မှာပဲလုပ်တာများသည် အရေးကြီးအစည်းေ၀းမရှိရင် company ကိုမသွားပဲအိမ်မှာပဲလုပ်သည်။ ခြေထောက်က စစချင်းဖြစ်တုန်းကသွေးပူပီးနာတာကြောင့် ဒဏ်ရာကြီးတယ်ထင်မိတာ တကယ်တန်းဆေးလိမ်း ဆေးသောက်ပြီး သေချာကြည့်တော့ သိပ်မကြီးပေ။

ရက်အနည်းငယ်လောက်နေတော့ဒဏ်ရာပျောက်သွားသည်ဆိုပေမယ့် ကိုကို့စိတ်ထဲမှာတော့မဟုတ်။ ထမင်းစားချိန်မှာတောင် အပေါ်ထပ်နဲ့အောက်ထပ်ဆင်းတာကိုပင် သူကိုယ်တိုင်ပွေ့ချီပီးပို့ပေးသည်။

"ကလေး..လက်စွပ်ရော"

သုသု ပြုံးပီး လက်ထောင်ပြလိုက်သည်။ အဲ့တော့မှပြန်ပြုံးပြရင်းခေါင်းညှိမ့်ကာ အလုပ်ပြန်လုပ်နေ သည် ။ ဒဏ်ရာပျောက်သည်နှင့်ရေချိုးခန်းထဲမှာလက်စွပ်မေ့ခဲ့ရလားဆိုပြီးဆူသည်ကြောင့် အခုဆို လက်စွပ်ကိုယောင်လို့တောင်မချွတ်ရဲ့တော့။

ကိုကို့အပြုမှုတွေကတခြားတဖက်ကပိုတယ်ထင်နိုင်ပေမယ့် သုသု အတွက်တော့ ကိုကိုဟာ သုသုဘ၀ရဲ့လုံခြုံတဲ့တံတိုင်းကြီးပါ..သုသု ကိုအရမ်းချစ်ပေးတဲ့ကိုကို့ ကို ကိုယ်တိုင်ကလဲ အရမ်းချစ်တယ် ။

"ကိုကို.."

သုသု ခေါ်လိုက်တော့အလုပ်လုပ်နေရာမှလှည့်ကြည့်ကာပြုံးပြ၍ လက်နှစ်ဖက်ဆန့်တန်းကာအနားရောက်လာတဲ့ သုသု ကို ပေါင်ပေါ်မှာထိုင်စေသည် ။

"ကို ကို..လို့"

"ဗျာ..ဘာတုန်း အချွဲလေးရဲ့"

"ကလေး..အပြင်ထွက်လည်ချင်တယ် ပြီးတော့ BubbleTea လဲသောက်ချင်တယ်..ကိုကိုလိုက်ပို့ပေး"

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now