❤ ကိုကိုရဲ့ကလေးငယ် ၅ ❤

193K 13.4K 693
                                    

Unicode...
>>>>>>>>

.
.

နောက်တနေ့မနက် သုသု အိပ်ရာနိုးသည်နှင့်ပထမဆုံးတွေ့လိုက်ရတဲ့ မျက်နှာကျပ်ကြောင့် သုသုတစ်ယောက်အံအားသင့်နေသည်။ မနေ့ကဆရာတွေအဖွဲ့နဲ့တောင်ပေါ်သွားလည်ထားတဲ့အရှိန်ကြောင့်ပင်ပန်းပြီးအိပ်ပျော်သွားတာ ဘယ်အချိန်ထိရှိနေမှန်းပင်မသိပေ။

*ဟင်.. သုသု.. မမနိုးတို့ဆီပြန်ရောက်နေတာလား မဟုတ်သေးပါဘူး ..ဒီမျက်နှာကျပ်က သုသုတို့ အခန်းပုံမှမဟုတ်တာ*

သုသု အိပ်ရာကထပြီးဘေးဘီကိုလျှောက်ကြည့်လိုက်သည်။သုသု မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပါးစပ်ပင်မစိနိုင်လောက်အောင်ဖြစ်သွားသည်။
အခု သုသု ရောက်နေတဲ့အခန်းကအိမ်အကြီးကြီးတစ်လုံးစာလောက်မျှရှိသည်။ စိန်အရောင်ကဲ့သို့တောက်ပပြီးပြောင်လက်နေတဲ့ အခန်းနံရံနဲ့ လူအရပ်၃ယောက်စာလောက်မြင့်တဲ့လိုက်ကာဖြူဖြူကြီးဟာ ပုံမှန်လိုက်ကာထက်ပင် ပိုဈေးကြီးလောက်သည်။

သုသု ကုတင်ခြေရင်းကိုကြည့်လိုက်ချိန်မှာ အကောင်းစား ဆိုဖာတွေရဲ့ရှေ့မှာရှိနေတဲ့ TV ကြီးမှာလဲ တင့်တယ်လို့။ အခန်းရဲ့အပြင်ဆင်တွေက တန်ဖိုးကြီးအရာ၀တ္ထုတွေနဲ့ဆင်ထားမှန်းတစ်ချက်ကြည့်ယုံဖြင့်သိသည်။

*မဟုတ်မှလွဲရော သုသု သေသွားပြီလား*

ထိုသို့အူတူတူအတွေးနှင့်ပင် ကိုယ့်ပါးကိုပြန်ဆွဲဆိတ်မိသည်။

"အားးးယိုးယိုးး နာလိုက်တာ အဲ့ဒါဆိုငါမသေသေးဘူးပေါ့ အဲ့တာဆိုဒီကိုဘယ်လိုရောက်လာတာလဲမသိဘူး"

ရုတ်တရက် ညက အဖြစ်ပျက် တစ်ခုကို သုသု တွေးမိသည်။

"ဟာ ဟုတ်သားပဲ ဟို ကိုကိုဆိုတဲ့လူကြီး ဘယ်ရောက်သွားပြီလဲမသိဘူး သူ့မှာဒဏ်ရာကြီးနဲ့ သက်သာရဲ့လားမသိဘူး"

ကိုယ်ဘယ်ရောက်နေလဲတောင်မသိတဲ့ ဇေသုတဟာသူ့ရဲ့နဂိုကြင်နာတတ်တဲ့စိတ်ထားလေးဟာဘယ်တော့မှမပျောက်ခဲ့ပေ ။

ကျွီ....

အခန်းတံခါးဖွင့်သံနဲ့အတူအခန်းထဲသို့ အမျိုးသမီးကြီးတစ်ဦးနှင့်နောက်တွင် မိန်းကလေးနှစ်ယောက်ဟာ ပစ္စည်းတစ်ချို့ကိုကိုင်ပြီးဝင်လာခဲ့သည် ။ ထိုအမျိုးသမီးကြီးက သုသု ကိုမြင်သည်နှင့် ခေါင်းငုံအရိုသေပေးတော့ သုငုခမျာမနေတတ်မထ်ုင်တတ်ဖြစ်ရပြန်ပါသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now