❤ ကိုကိုရဲ့ကလေးငယ် ၅၅ ❤

113K 7K 416
                                    

Unicode...
>>>>>>>>>

.
.

"Hello...... "

ဟိုဘက်က ဖုန်းဖြေလိုက်တဲ့ သူက ဇိုင်း မဟုတ်ပဲ မိန်းမတစ်ယောက်ဖြစ်နေသည်မို့ သုသု မျက်နှာပျက်ကာ လက်တွေပင်တုန်ယင်လာသည်။

"ဟုတ် အခုဖုန်းကိုင်တာဘယ်သူလဲဗျ..ကိုကို ရော ဘယ်သွားလဲ..."

သုသု မေးလိုက်တော့ တဖက်က သူမ ဆီက စကားသံပြန်ထွက်လာသည်....။

"အော် ဇိုင်း လား... ဇိုင်း က Toilet ခဏဝင်သွားတယ်...အာ ဇိုင်း ကောင်လေးထင်တယ်.. တို့ဘာပြန်ပြောပေးရမလဲ..."

*ဇိုင်း တဲ့ သူမ က ကိုကို့ ကိုဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီလိုခေါ်တာလဲ မဟုတ်မှ ကိုကို က ခေါ်ခွင့်ပြုထားတာလား..*

တဖက်က ပြောလိုက်တာ စကားလေးတစ်ခွန်းပါ ဒါပေမယ့် အဲ့စကားတစ်ခွန်းက သုသု ရင်ထဲမှာ မီးတောင်ပေါက်ကွဲသလိုခံစားနေရသည်ကိုတော့ သုသု ကိုယ်တိုင်သာသိသည်။ သို့ပေမယ့် သုသု က ကိုကို့ ရဲ့ တရားဝင်ခင်ပွန်းလေ အခုလို မိန်းကလေးတစ်ယောက်ရဲ့စကားကြောင့် ကိုကို့အပေါ်အထင်မလွဲသင့်ဘူးမဟုတ်လား.....။

"ရပါတယ် ..သုသု နောက်မှ ကိုကို့ ကို ဖုန်းပြန်ဆက်လိုက်မယ်...အဲ့..အဲ့တာဆို ဒါပဲနော်.."

ပြောပြီးသည်နှင့် သုသု ဖုန်းချပြီး ဖုန်း Screen မှာပေါ်လာတဲ့ ဇိုင်းနဲ့သုသု နှစ်​ယောက်တွဲပုံလေးကိုစိုက်ကြည့်ရင်း တဖြည်းဖြည်းအမြင်တွေ ဝေဝါးလာပြီး...မျက်ရည်ကျမိသည်။

သုသု သည် ကိုကို့ ကို ယုံတယ်ပြောနေပေမယ့် တကယ်တမ်းကြတော့ ကိုယ်ချစ်တဲ့လူအနားမှာ ကိုယ်မဟုတ်ပဲ တခြားတစ်စုံတစ်ယောက်ရှိနေတာ သိရတော့ ဘယ်လိုမှ ဖြေဆည်လို့မရ။

ကိုကို့ အပေါ်သံသယစိတ်တွေဝင်မိခဲ့ရင် ကိုကို့ ကိုစော်ကားသလိုဖြစ်သွားမှာသိပေမယ့် သုသု စိတ်ပူနေသည်...။

*သုသု က အရင်လို မဟုတ်တော့လို့ ကိုကို က မချစ်တော့ဘူးလား မသိဘူး..သုသု ဆီ မြန်မြန်ပြန်လာခဲ့ပေးပါ ကိုကိုရယ် သုသု လေ ကိုကိုနဲ့ဝေးရမှာကြောက်လို့ပါ....*

သုသု တစ်ယောက်တည်း ဘန်ဂလိုတဲလေးထဲက ဆိုဖာမှာထိုင်ရင်း အသံတိတ်ငိုရှိုက်နေသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now