❤ ကိုကိုရဲ့ကလေးငယ် ၄၂ ❤

127K 7.5K 407
                                    

Unicode...
>>>>>>>>>

.
.

"ကလေး...!!!"

"ဟင်...ကိုကို"

သုသု ဇိုင်း ကိုတွေ့သည်နှင့် ကူရာမဲ့နေတဲ့အချိန် အားကိုးရာ ရသွားသလို မျက်လုံးလေးအရောင်တောက်လာသည်။

ဇိုင်း အပေါ်ထပ်မှာ အ၀တ်စားလဲပြီးသည်နှင့် ပုဆိုးမ၀တ်တတ်တဲ့ကလေးအတွက် ဇိုင်း ခါးပတ်တွေထဲက ပေါ့ပေါ့ပါးပါးဖြစ်မယ့် တစ်ခုကိုရှာနေလိုက်သည်။ ခါးပတ်ရှာတွေ့တာနှင့် ဇိုင်း အောက်ထပ်ကိုဆင်းလာပေမယ့် ကလေး ကို မတွေ့တာမို့ ဇိုင်း လိုက်ရှာနေစဉ် ခြံထဲက စကားတွေသံတွေကြားတာကြောင့် ဇိုင်း သွားကြည့်စဉ် တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ဇိုင်း ကိုယ်ထဲကသွေးတွေဗြောင်းပြန်ဆင်းသွားသလို ဇိုင်း မျက်လုံးတွေဟာလဲ မီးပွင့်မတတ်ဖြစ်နေသည်။ ဇိုင်း လက်ထဲက ကလေးအတွက်ယူလာတဲ့ ခါးပတ်ကို ကျစ်ကျစ်ဆုပ်ကာ မေးကြောတွေထောင်သည်အထိ အံကြိတ်ထားသည်။

ဇိုင်း မျက်လုံးရှေ့မှာရှိနေတဲ့ ထိုလူဟာ ကလေးအပေါ်မရိုးသားတဲ့ အကြည့်တွေနဲ့ကြည့်နေလို့ ဇိုင်း ထိုလူ့မျက်လုံးကိုဖောက်ထုတ်ပြစ်ချင်နေတာ အခုတော့ ကလေးနဲ့ခြံထဲမှာ အတူနေရတာ ဇိုင်း အတွက်အဆင်ပြေမနေဘူး ....ဒါ့အပြင် ကလေး ပုဆိုးနားကို ဘာလို့လက်လှမ်းနေရတာလဲ..တောက်စ်....*

ထိုင်ခုံပေါ်ထိုင်နေတဲ့ ကလေး ဘေးမှာ ခွန်းမင်းသစ် ဆိုတဲ့ကောင်က ကလေးပုဆိုးကိုလှမ်းကိုင်ဖို့ပြင်နေတာကြောင့် ဇိုင်း ဒေါသအရမ်းထွက်ကာကလေး နာမည် ကို အကျယ်ကြီးအော်ခေါ်လိုက်သည်။

အခု ဇိုင်း လူသတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေပါသည် သို့သော် ဇိုင်းရဲ့ကလေးလေး ကိုတော့မဟုတ်...။

ဇိုင်း နာမည် ကို တိုးတိုးလေးရွတ်ဆိုပြီး လှမ်းကြည့်တဲ့မျက်၀န်းလေး အဲ့မျက်၀န်းလေးထဲမှာ မျှော်လင့်နေခြင်း အားကိုးခြင်းအပြည့်နဲ့မို့ ဇိုင်း စိတ်တိုနေတဲ့ကြားကပင် အနည်းငယ်စိတ်အေးသွားရသည်။ ဇိုင်း သုသု အနားရောက်တဲ့အထိ သုသု မတ်တပ်မရပ်သေးတာကြောင့် ဇိုင်း သုသုလေး ကိုစိတ်ပူပြီးစိုးရိမ်သွားသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now