Unicode...
>>>>>>>>.
.တရုတ်ပြည်ရဲ့အအေးဓာတ်က ဇိုင်းတို့အိပ်ခန်းဆီသို့တိုး၀င်လာပေမယ့် ရင်ခွင်ထဲက အချစ်ကလေး ..အအေးမမိစေဖို့အတွက်တင်းကျပ်စွာဖက်ထားရင်းပြန်အိပ်ရန်ပြင်သည်။
ပြန်အိပ်ပျော်ခါနီး ဇိုင်းခါးလေးကိုတင်းတင်းဖက်ကာရင်ခွင်ထဲအတင်းတိုး၀င်နေတဲ့အချစ်ကလေးကြောင့် ဇိုင်း ပြန်အိပ်မပျော်တော့ပေ..။
ဖြူဖွေးဥနေတဲ့ပါးလေးတွေနဲ့ပါးပြင်ပေါ်ကသွေးကြောစိမ်းလေးတွေက လှပစွာ အထင်းသားမြင်နေရသည်။
တို့ထိလိုက်မီတဲ့အချိန်တိုင်း ပဲကျသွားမလားပင် စိုးရလောက်အောင်..နူးညံ့လွန်းတဲ့အသားရည်လေးက... အသည်းယားစရာကောင်းလွန်းပြီး ချစ်ဖို့ကောင်းတာကြောင့်... ဇိုင်း သုသုမျက်နှာ အစိတ်ပိုင်း တစ်ခုဆီတိုင်းကို ခပ်ဖွဖွတို့ထိကြည့်နေသည်။
မျက်နှာထက်က လှပတဲ့မျက်ခုံး မျက်လုံးလေးတွေရယ် ဖြောင့်တန်းနေတဲ့ နှာတံလေးနဲ့ ဇိုင်း နှက်သက်ပြီး ချစ်မြတ်နိုးတဲ့အသဲပုံနှုတ်ခမ်းပါးလေးတွေက သက်ရှိအရုပ်ကလေးအလား...။
ဒီလိုအေးချမ်းတဲ့ မနက်ခင်းတိုင်း ကိုယ်ချစ်ရသူမျက်နှာလေးကြည့်ပီး နိုးထခွင့်ရတဲ့ ဇိုင်းအတွက် တန်ဖိုးအရှိဆုံး မနက်ခင်းပင်..။
"အင်းးးး..."
လွန့်လူးကာနိုးထလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ သုသု ကိုစိုက်ကြည့်ကာ ပြုံးနေတဲ့ ဇိုင်း ကြောင့် သုသုမနက်ခင်းလေးပြည့်စုံသွားရသည်။
အချစ်တွေနဲ့စိုက်ကြည့်ပြီးပြုံးနေတဲ့ ဇိုင်း ကို သုသုပြန်ပြုံးပြကာ..။
"Morning ကလေးလေး..ပြွတ်.."
"အင်း..Morning ကိုကို..နိုးနေတာ ကြာပီလား.."
"မကြာသေးပါဘူး ကိုကို့ကလေးလေးကိုတောင် ကြည့်လို့မ၀သေးဘူး..."
ဇိုင်း စကားကို သုသု သဘောကျကာရယ်နေသည်။
"ကိုကို ထရအောင်လေ..ကိုကိုဒီနေ့ကလေးကို လျှောက်လည်ဖို့ လိုက်ပို့မယ်ဆို.."
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။