❤ ကိုကိုရဲ့ကလေးငယ် ၃၉ ❤

119K 8.1K 496
                                    

Unicode...
>>>>>>>>

.
.

ထိုကုန်တိုက်ပိတ်သိမ်းခြင်းဆိုတဲ့... ခေါင်းစီးပိုင်း သတင်းစာက်ို ဖတ်ရင်းအပြုံးမမြည်တဲ့..မဲ့ပြုံးကိုပန်ဆင်ကာ ဇိုင်း ကလေးလေးနဲ့အတူမြန်မာပြည်ပြန်ခဲ့သည်။ လေယာဉ်ကွင်းမှာ အဖြူရောင် ဂျင်းဘောင်းဘီအပြဲပါးလေးနဲ့ရင်ဘတ်ပေါ် Gucci တံဆိပ်အကျီ အဖြူစင်းလေး ဝတ်ထားတဲ့ ကလေး က အားလုံးထဲမှာထင်းနေသည်မို့..လေယာဉ်ကွင်းရှိ လူတွေအားလုံးက မျက်လုံးကျွတ်ကျမတတ်ငမ်းနေကြသည်ကို ဇိုင်း အလိုမကျစွာ...

"ကလေး သွားရအောင်..."

ကလေးပုခုံးကိုင်ပြီး ပိုင်ရှင်ရှိကြောင်းပြကာ အဆင်သင့်စောင့်ကြိုနေတဲ့ ကားဆီလျှောက်လာခဲ့သည်။

စံအိမ်ရောက်သည်နှင့်

"ကျော်ထက် အ၀တ်စားအိတ်တွေကို အကုန်အခန်းထဲယူလာခဲ့.."

"ဟုတ်..Boss.."

ဇိုင်း သုသု လက်လေးကိုင်ကာအခန်းဆီ၀င်သွားသည်။ အခန်းထဲရောက်သည်နှင့်သုသု အိပ်နေရင်း၀တ် ဖိနပ်ကိုပင်မချွတ်နိုင် မွေ့ယာပေါ်မှာ လှဲချပြီးလက်ဆန့်ကာ မွေ့ယာပေါ်ကခေါင်းအုံးကိုဖက်ထားရင်း..။

"ဝါးးး အခုမှပဲ အမောပြေသွားတော့တယ် လွမ်းနေခဲ့တာ.."

သုသု စကားကြောင့် နောက်က၀င်လာတဲ့ ဇိုင်း မျက်မှောင်ကျုံလျှက်  ကြောင်အ သွားသည်။

အမောပြေသွားတော့တယ် ဆိုတော့ ဇိုင်း ကလေးကို ဘာမှလဲပင်ပင်ပန်းပန်းမခိုင်းခဲ့ပါဘူး.?
လွမ်းနေခဲ့တာ တဲ့ ဘာလို့လဲ ဇိုင်း ကလေးဘေးမှာ ၂၄ နာရီလုံးရှိနေတာလေ..?

မျက်စိမှိတ်ပြီး ခေါင်းအုံးကိုအတင်းဖက်ပြီးနမ်းကာ ပြုံးပျော်နေတဲ့ကလေးကြောင့် ..ကလေးဖက်ထားတဲ့ ခေါင်းအုံးကိုတောင် ဇိုင်း မနာလိုတော့ပါ...။ ဇိုင်း မွေ့ယာအောက်နားသွားပြီး သုသု ခြေထောက်နားကို ခါးအနည်းငယ်ကိုင်းကာ.. သုသု အိမ်နေရင်း၀တ် ဖိနပ်လေးကိုချွတ်ပေးလိုက်သည်..။

ပြီးသည်နှင့် သုသု ဖက်ထားတဲ့ခေါင်းအုံးလေးကိုဆွဲယူပစ်ကာ အပေါ်သို့ပစ်တင်ပြီး ပလက်အနေထားပြီးနေတဲ့ သုသု ကို အုပ် မိုး လိုက် တော့..သုသု မော့ကြည့်လာသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Donde viven las historias. Descúbrelo ahora