Unicode...
>>>>>>>>>.
.မျက်လုံးနှစ်လုံးပွင့်တာနဲ့ သုသုအရင်ရှာနေမိတာကိုကိုပင် ခဏကြာတော့ရေချိုးခန်းထဲကအသံတွေကြောင့်သုသုအတွက်ရေနွေးစပ်ပေးနေမှန်းသိလိုက်သည်။ တဆစ်ဆစ်ကိုက်တတ်လာတဲ့ခေါင်းကိုကိုင်ပြီးနေ့တနေ့ရဲ့မနက်ခင်းကိုအစပြုလိုက်သည်။
ဘေးစားပွဲက နာရီကိုကြည့်မိတော့ ခါတိုင်းအိပ်ရာအချိန်ထက်ပင်အနည်းငယ်နောက်ကျနေပြီးဖြစ်တာကြောင့် သတိလက်လွတ်ထမိလိုက်စဉ်..။
"အား..ကျွတ် ကျွတ်"
အောင့်တတ်လာတဲ့ နာကျင်မှု့က သုသု တကိုယ် လုံးကို ကိုင်ရိုက်ထားသလားအောင့်မေ့ရသည်။
ညကသုသုနဲ့ကိုကို့ရဲ့အဖြစ်ပျက်တစချို့ကိုအနှေးပြကွက်နဲ့ပြန်မြင်ယောင်လာတော့ သုသုကိုယ့်ကိုကိယ်မလုံမလဲဖြစ်ကာ ရှက်လို့နေသည်။"ကျွတ် ကျွတ် တော်တော်နာတာပဲ..First Time အချိန်တုန်းကထက်တောင်နာသေးတယ်..တော်ပြီ..တော်ပီ နောက်ဆိုအောက်ကပဲနေတော့မယ်..အား..လား..လား"
သုသုတစ်ယောက်တည်းရေရွတ်နေစဉ်..။
"ကလေး နိုးပီလား.."
ခဲရောင် Bathrobe လေးကို၀တ်ကာခန့်ငြားတဲ့အပြုံးလေးနဲ့ပြောလာတဲ့ ချစ်ရသူ။
"ဟုတ် ကိိုကို"
"ကိုကို ကလေးအတွက်ရေနွေးနွေးလေးစပ်ပေးထားတယ် ကလေးနိုးနေပီဆိုတော့ ရေချိုးရအောင်နော်"
"ဟုတ်"
ဇိုင်းပြောတော့ သုသု လက်နှစ်ဖက်ဆန့်တန်းကာ ဇိုင်းကိုချီခိုင်းသည် ဇိုင်းလဲ သုသုကို စွေ့ခနဲ့ပွေ့ချီကာ Bath ထဲထည့်ကာရေချိုးသန့်စင်ပေးနေသည်။ မနေ့ညက သုသုရဲ့ဆွဲဆောင်မှု့ကြောင့် ဒီမနက် ခါတိုင်းထက်ပင် လည်တိုင်ဖြူဖြူလေးမှာ ဇိုင်း ရဲ့အချစ်အမှတ်သားလေးတွေများနေသည်ကို အနမ်းဖွဖွပေးရင်းကျေနပ်နေမိသည်။
ရေချိုးသန့်စင်ပြီးတာနဲ့ဇိုင်းသုသုကိုပွေ့ချီကာထမင်းစားခန်းထဲ၀င်လာသည်။ ထမင်းစားခန်းအတွင်းအဆင်သင့်စောင့်နေသော အကိုကျော်ထက်နဲ့၀နကိုတွေ့မှ သုသုမျက်နှာပူစွာခေါင်းငုတ်ထားလိုက်သည်။
![](https://img.wattpad.com/cover/203669936-288-k359748.jpg)
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။