❤ ကိုကိုရဲ့ကလေးငယ် ၁၅ ❤

153K 10.3K 185
                                    

Unicode...
>>>>>>>>

.
.

တရက် တရက် သုသုလေးရဲ့ စာမေးပွဲနီးလာတာကြောင့် ဇိုင်း ကိုယ်တိုင် သုသု ကို အရင်ကထက် အိပ်ချိန် စားချိန်တွေကို ပိုပြီး ဂရုတစိုက်ရှိပြီး ပို ဂရုစိုက်လာသလို တဖက်က မြတ်မင်းရဲ့တနေ့တာမှာလဲ သုသု မပါရင် မပြီးဖြစ်နေတော့သည်...။

မြတ်မင်း ရဲ့ ပုံမှန်အလုပ်တစ်ခုလိုဖြစ်နေတဲ့ နေ့လည်ခင်း သုသုလေးရဲ့ ကန်တင်းကို သွားပြီး စာမေးပွဲအတွက်အားရှိဆာတွေကို ယူပြီး သွားပို့ပေးသည် ။ ပြီးရင် နိုးနိုးနဲ့ဇော်တို့အပါဝင် သုသုနဲ့ မြတ်မင်း ပါ ကန်တင်းမှာ ပျော်ရွင်စွာစား​သောက်နေလေ့ရှိသည် ။ မြတ်မင်း အတွက် ဒီကောင်လေးမှာ ဘယ်သူတွေနဲ့မှမတူတဲ့ ပျော်ရွင်မှု့ အေးချမ်းမှု့လေးထဲက တစ်ခုပင်။

အရင်က အရာရာကို အလေးနက်မထားတတ်တဲ့ မြတ်မင်းအတွက် အချစ်ဆိုတာလဲ ပိုလို့တောင်လေးနက်မှု့မထားပါ ။ Company အကြီးစားတွေရဲ့ သမီးပျိုတွေနဲ့ အီစီကလီရိုက်ပြီး အိပ်ယာပေါ်ထိရောက်ခဲ့ဖူးပေမယ့် အခုမြတ်မင်းရှေ့က ရှိနေတဲ့ ဒီကောင်လေးကိုတော့ ဖြူစင်လွန်းလို့ ကိုယ်တိုင်တောင်အရောင်ဆိုးမိမှာကြောက်နေမိသည် ။ အခုလိုလေးပဲ ဒီကောင်လေးနဲ့ မြတ်မင်း တစ်ဘဝလုံးနေချင်မိသည်....

နေ့ ရက် လပြောင်းလဲ သွားသည်နှင့်.....။

အချိန်တွေက ဘာလိုလိုနဲ့ ဒီနေ့ပြီးရင် သုသု တို့အတွက်ရှည်လျှားတဲ့ ​နွေရာသီကျောင်းပိတ်ရက်ဆီ ရောက်လာပြီမို့ သုသု တို့၃ယောက်ပျော်နေကြသည် ။

ပြီးခဲ့တဲ့ရက်ကဆို ကိုကို့ မှာအလုပ်တစ်ဖက်နဲ့ပေမယ့်လဲ လက်ကျန်စာမေးပွဲတွေနဲ့ရှုတ်ရှက်ခတ်နေတဲ့ သုသု ကို ပို၍ပင်ဂရုစိုက်သည်။ ညနေဆိုရင် အလုပ်ကစောစောပြန်လာပြီး သုသု ကိုလာကြိုသည်။ ညဆို သုသု ကိုနွားနို့တိုက်ပြီး ပုံမှန်ထက်စောစောအိပ်ကြသည်။ မနက်ဆိုလဲ သုသု စာကျက်ချိန်မှီအောင် ကိုကို ကစောစောထပြီး သုသု စာကျက်ဖို့နိုးပေးသည်။

အိမ်မှာဆိုလဲ သုသု စာကျက်အနှောက်ယှက်ဖြစ်မှာစိုးလို့ ဆူညံသံဆိုတာ အပ်ကျသံမျှမရှိ။
သုသု စာမေးပွဲဖြေစဉ်တစ်လျှောက်လုံး ကိုကို ကလိုလေသေးမရှိအောင် ဂရုစိုက်လွန်းသည်။
ဒီကြားထဲ နေ့တိုင်း နေ့လည်စာစားချိန်တွေဆို ... ကိုခန့်က အဟာရဖြစ်မယ့် ထမင်းဗူးကိုအမြဲတမ်းယူလာပေးပြီး ဟာသတွေပြောကြသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now