❤ ကိုကိုရဲ့ကလေးငယ် ၄၀ ❤

126K 7.8K 660
                                    

Unicode...
>>>>>>>>>

.
.

ဇိုင်း ကားဝင်လာတာနဲ့ ၀နတို့အကုန် မျက်စိမျက်နှာပျက်နေကြသည်..။

သုသု စားနေရင်း တန်းလန်း  ဇိုင်း ကားသံကြားတာနဲ့ ရေခဲရေ တစ်ကျိုက်မော့ကာ ထမင်းစားခန်းထဲကပြေးကာ ဇိုင်း ကို ထွက်ကြိုသည်။

"ရှုူး..ဟဲ..ကိုကို ပြန်လာပီလား.."

ဇိုင်း ကားပေါ်ကဆင်းတာအပြေးလေး လာကြိုတဲ့ သုသု ကြောင့် ပြုံးသွားသည်။ သို့​သော် သုသု ဇိုင်း အနားရောက်သည်နှင့် ဇိုင်းရဲ့အပြုံးတို့ပျောက်ကွယ်သွားရသည် ..။

* ကလေးတစ်ခုခုဖြစ်နေတာလား မျက်နှာမှာလဲ မျက်ရည်တွေနဲ့ မျက်နှာတစ်ခုလုံးလဲ နီရဲနေတာပဲ..*

အသံလေး နဲ့အတူ အနားရောက်လာတဲ့ သုသုလေးကို ဇိုင်း စိုးရိမ်တကြီး မျက်နှာလေးအုပ်ကိုင်ကာ..

"ကလေး ဘာ..ဘာဖြစ်ထားတာလဲ..ငိုနေတာလား..ဟင် ပြော ...! ကလေးကိုဘယ်သူဘာလုပ်လိုက်လို့လဲ.!!"

"ဟို မဟုတ်........"

"ဟာကွာ.. တောက်စ်.. မျက်နှာတစ်ခုလုံးနီရဲနေတာပဲ..၀န ဘယ်မှာလဲ..ယျောင့် ၀န ...!!!"

ဇိုင်း ကိုင်ထားတဲ့ ကုတ်အကျႌကိုကြမ်းပြင်ပေါ်ပစ်ချကာ..ကလေးကိုကြည့်ပြီး စိုးရိမ်စိတ်ကများပြည့်ပြီး ပေါက်ကွဲလေသည်။

"ဗျာ...Boss..."

သုသု ကိုစောင့်ရှောက်ဖို့ထားခဲ့တဲ့ လူ နှစ်ယောက်နဲ့ ၀န ဇိုင်း အော်ခေါ်သံကြောင့် ကြောက်ကြောက်နဲ့အမြန်ပြေး၀င်လာသည်။

"၀န ကလေး ကို ဘယ်သူဘာလုပ်တာလဲ..! ဘာဖြစ်လို့ ကလေးက အခုလိုငိုနေတာလဲ...တောက်စ် ! ပြောစမ်း.."

"ဟို..အဲ့တာက......"

သုသု ဇိုင်း ကိုကြည့်ပြီး ဘာကဘယ်လိုစပြောရမလဲပင်မသိ...စောနက စားထားတဲ့အရှိန်မပြေသေးတာကြောင့် စပ်လွန်းလို့ စကားပြောတိုင်း ရူး ရှဲ ဖြစ်နေသည်ကို ငိုနေတယ်ထင်ပြီး အရမ်းဒေါသထွက်နေတာကြောင့်..၀န မဖြေခင် သုသု ကြားဖြတ်၀င်ကာ ဇိုင်း လက်မောင်းကိုလှုပ်ကိုင်ပြီး..။

"ခ..ခဏ...ကိုကို..ကလေးကိုဘယ်သူမှ ဘာမှမလုပ်ပါဘူး...ပြီးတော့ ကလေး ငို နေ တာ မဟုတ် ဘူး...ကိုကိုရဲ့ ရှုးး ရှဲ.."

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Donde viven las historias. Descúbrelo ahora