❤ ကိုကိုရဲ့ကလေးငယ် ၉ ❤

175K 11.7K 489
                                    

Unicode...
>>>>>>>>

.
.

တရိပ်ရိပ်ပြေးနေတဲ့ကားလေးထဲကနေအပြင်ကိုကြည့်ပြီးအံသြနေတဲ့ သုသု ကိုကြည့်ပြီး ဇိုင်း ကားမှန်လေးကိုချပေးလိုက်သည်။ အဲ့တော့မှ ကားမှန်ဘောင်ကိုလက်လေးတင်ပြီး အပြင်ကိုငေးနေသည်။

ခဏကြာတော့ ကုန်တိုက်စင်တာတစ်ခုသို့ရောက်ပြီမို့ ဇိုင်း ကားပေါ်ကဆင်းပြီး သုသု ကားတံခါးလေးကိုဖွင့်ပေးလိုက်ရင်း သုသု နဲ့ ဇိုင်းတို့ရှေ့ကလျှောက်သွားနေသည်။ ဇိုင်း တို့နောက်မှာကျော်ထက် နဲ့ ဝန အသင့်ရှိနေတော့သည်။

ကုန်တိုက်ထဲ၀င်သည်နှင့်အားလုံးရဲ့အကြည့်တွေက ဇိုင်းတို့ဆီရောက်လာကာ ယောက်ကျားဆန်ဆန်ချောမောတဲ့ ဇိုင်းနဲ့ မိန်းကလေးတွေထက်ကိုချစ်စရာကောင်းလွန်းတဲ့ သုသုရဲ့ပုံစံလေးမှာလဲ အားလုံးရဲ့စိတ်၀င်စားမှု့တစ်ခုဖြစ်သည်။

ဇိုင်း အထည်ဆိုင်တစ်ဆိုင်ထဲ၀င်သွားတာကြောင့် သုသုလဲ ဇိုင်းနောက်ကနေလိုက်လာခဲ့သည်။ ဆိုင်ထဲရောက်သည်နှင့်အားလုံးရဲ့အကြည့်တို့က ဇိုင်းတို့နှစ်ယောက်ဆီဦးတည်လျှက်။ ဇိုင်း ဆီမှာထက် ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းလွန်းတဲ့ သုသုလေးဆီမှာဆိုပိုမှန်မည်။

Girl 1 *Wow ဟဲ့ကောင်မတွေ ဟိုမှာကြည့်ပါဦး ညာဘက်ကBoy ကချောလိုက်တာဟယ်*

Girl 2 *အေးဟုတ်ပ့ါ ငါကတော့ သူ့ဘေးကကောင်လေးကိုပိုသဘောကျတယ်*

Girl 3*အေးနော် တစ်ယောက်တစ်မျိုးမတူအောင်ချောတာဟ ဟိ ချစ်လိုက်တာကောင်လေးရယ်*

ဆိုင်ထဲက ​ဈေး၀ယ်ကောင်မလေးတွေစကားကိုအတိုင်းသားကြားနေရတာကြောင့် ဇိုင်း ထိုကောင်မလေးတွေဆီမျက်မှောင်ကျုံပြီးခပ်ဆူးဆူးတစ်ချက်ကြည့်လိုက်​တော့ ထိုအခါမှကောင်မလေးတွေအလျှိုလျှိုခေါင်းငုံ့သွားကြသည်။

နာမည်ကြီးတံဆပ်နဲ့အကျီတွေကို သုသု ကိုယ်ပေါ်မှာ တစ်ထည်ပြီးတစ်ထည် ကပ်ကြည့်လိုက် ခွာလိုက် လုပ်နေတဲ့ ဇိုင်းကို သုသု ဘာပြောရမှန်းပင်မသိ။ ကြာတော့ သုသု အကျီလိုက်ကောက်သိမ်းနေတဲ့ ကိုကျော်ထက်တို့ကိုပင်အားနာနေသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now