❤ ကိုကိုရဲ့ကလေးငယ် ၂၂ ❤

206K 10.5K 462
                                    

Unicode...
>>>>>>>>

.
.

လွန်ခဲ့တဲ့တစ်လလောက်က TV မှာလာတဲ့လေ့လာရေးပျော်ပွဲစားခရီးစဉ် အစီစဉ်ကိုကြည့်ပြီး..သွားချင်လိုက်တာလို့တစ်ယောက်တည်းရေရွတ်နေတဲ့ကလေးလေး အတွက် ဇိုင်း နေ့မအိပ် ညမအိပ်အလုပ်တွေသိမ်းကြုံန်းလုပ်ပြီးအပြတ်ဖြတ်ကာ ကလေးနဲ့နှစ်ယောက်တည်းခရီးတိုသွားရန်အစီစဉ်ဆွဲထားသည်။

Surprise ဖြစ်အောင်လို့ သွားလည်မယ့်နေရာကို ကလေးငယ်ကိုမသိစေပဲ ဇိုင်း တစ်ယောက်တည်းသာကြိတ်လုပ်ခဲ့သည် ။ အလုပ်ကိစ္စတွေပြီးစီးသွားသည်နှင့် လက်ကျန်အလုပ်တွေကို ကျော်ထက်တို့နဲ့ချန်ခဲ့တာ ဇိုင်းနဲ့ကလေးငယ်နှစ်ယောက်တည်းထွက်လာခဲ့သည် ။

ကျော်ထက်နဲ့ဝန သည် ဇိုင်း ခိုင်းထားတဲ့ကိစ္စတွေကြောင့် လတ်တလောအလုပ်ကိစ္စတွေကို တာဝန်ယူကာဆောင်ရွက်ပေးနေသည်။ ဇိုင်း အစားတာဝန်ယူပြီးလုပ်ရန် ရုံးခန်းဘေးက ခုံမှာ ကျော်ထက် စာရင်းတွေပြန်စစ်နေသည်....။

"ဝန ကို မန်နေဂျာချုပ်ဆီက ဖိုင်တွဲ သွားယူခိုင်းထားတာ အခုထိ ပြန်မလာသေးဘူး... ဒီကောင်လေး ဘယ်တွေသွားပြီး သူများတွေကို ကူညီနေပြန်ပြီလဲ...."

Boss နဲ့ ကျော်ထက်ဆိုရင် အသက် ၄ နှစ်သာကွာသည် ။ ကျော်ထက်က Boss ဆီမှာဆယ်​ကျော်ဆသက်အရွယ်လောက်ထဲကရောက်လာပြီး Boss တတ်ခိုင်းတဲ့ အရာအားလုံးကို စနစ်တကျသင်ပြီး Bossနဲ့အတူအရာရာကိုလုပ်ဆောင်လာခဲ့သည်။

ကျော်ထက် က ဝနထက် အသက်ပိုကြီးသည့် အပြင် ဝန သည် တစ်ခါတလေ ကျော်ထက်အပေါ်မှာသူငယ်ချင်းလိုပေါင်းပြီး ခေါင်းမာတတ်သည် ။ ကျော်ထက်ကိုဆိုရင် အကြီးကိုရိုသေရမှန်းမသိ ။ မသိမသာ ဂျစ်တစ်တစ်နိုင်သည် ။ သို့ပေမယ့် ဝန စိတ်ဓာတ်လေးကတော့ ကောင်းပါတယ် ။ ဒီကုမ္ပဏီမှာ သူအ​မြင်မတော်တာမျိုးဆို ဘယ်လောက်ခက်ခဲပါစေ သူရအောင်ကူညီပေးသည် ။

တစ်ခါတလေ Boss ခိုင်းတာကိုပင်မေ့ကာ လမ်းမှာတွေ့တဲ့လူကို ကူညီပေးနေသေးတယ် ။ နဂိုဒေါသကြီးတဲ့ Boss က ဝန အကြောင်းသိတာမို့ ဘာမှမပြောပေမယ့် တစ်ခါတလေBoss စိတ်တိုတဲ့အချိန်ဆိုရင် ကျော်ထက်ကပဲ ဝနကို ဖယ်ကာ ခေါင်းခံရသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now