❤ ကိုကိုရဲ့ကလေးငယ် ၄၆ ❤

129K 7.5K 362
                                    

Unicode...
>>>>>>>>>

.
.

ညက အားလုံးအပျော်လွန်ကာ ဝိုင်တွေ​သောက်ပြီးမှောက်ကုန်ကြတာမို့ နေ့လည်စာစားချိန်မှသာ လူစုံတော့သည်။ စားပွဲမှာ နိုးနိုးနဲ့ကိုဇော်ရယ် အပါဝင် ထွန်းမြတ်နဲ့ ဝန ပါမို့ အားလုံးလူစုံကာ ဇိုင်းတို့ကိုစောင့်နေသည်။

စားပွဲရောက်လာသည့်တိုင် ကျော်ထက်ကိုမကြည့်ပဲ အောက်စားပွဲက ပန်ကန်ပြားကိုသာ ပေါက်ကွဲမတတ်ကြည့်နေတဲ့ ဝန ကြောင့် ကျော်ထက် ဘယ်လိုစကားပြောရမလဲတွေးနေသည်။

မနက်ကလဲ ကျော်ထက် အိပ်ရာမနိုးခင်ကတည်းက ထသွားပြီး သူ့ဒဏ်ရာအတွက်ဆေးတောင်မတိုက်လိုက်ရတာမို့ ကျော်ထက်တကယ်စိတ်ပူသည်။ ဘာပဲဖြစ်ဖြစ် သူဘယ်လောက်ပဲသန်မာနေပါစေ ဒီလိုဒဏ်ရာမျိုးက သေချာပေါက် ဆေးသောက်ရမှာမလား သူသောက်ရော သောက်ပါ့မလား လို့သာတွေးပူနေမိသည်။

ခဏကြာတော့ ဇိုင်း သုသုလေး ကို လက်တွဲကာ ထွက်လာသည်ကြောင့် ကျော်ထက်အတွေးစပြတ်သွားသလို အားလုံးလဲ ပြန်အသက်ဝင်လာကြသည်။ အနားရောက်သည်နှင့် ဇိုင်း သုသုလေး အတွက် ခုံဆွဲထုတ်ပေးကာ သေချာထိုင်စေပြီး ဇိုင်း ကိုယ်တိုင်လဲ သုသုလေးနားကပ်ထိုင်လိုက်သည်။

" ဇိုင်း လာသေးတယ်လား ငါက မင်း မိုးပြန်ချုပ်တော့မယ်ထင်နေတာ ငါတို့လေယာဉ်ချိန်တောင်ရောက်တော့မယ်ကွ "

"မင်းဘာသာမင်းပြန်တာ ငါကပင့်ပို့နေရဦးမှာလား..."

"အော် အေးအေး အရမ်းချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းလေး.."

ဇိုင်း ကိုအခုလိုတရင်းတနှီးသုံးရဲတာ နှစ်ယောက်မရှိတဲ့ ဇိုင်းရဲ့သူငယ်ချင်းထွန်းမြတ်မို့လို့ပေါ့ မဟုတ်ရင် တခြားလူသာဆို အဲ့လူဘဝမတွေးဝ့ံစရာ...။ထွက်မြတ်စကားကြောင့် ထိုင်ခုံမှာထိုင်နေတဲ့ သုသုလေးက နိုးနိုးတို့ကိုကြည့်ကာ....

" အဲ့ဒါဆို မမနိုးနဲ့ ကိုဇော်လဲ ပြန်တော့မှာပေါ့လေ ဟုတ်လား..."

"ဟုတ်တယ် သုသုလေးရဲ့သုသုလေးရဲ့လက်ထက်ပွဲအတွက်သာ လာရတာ မမ ဟိုမှာအလုပ်တွေအများကြီးကျန်ခဲ့သေးတယ်လေကွယ်..."

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin