❤ ကိုကိုရဲ့ကလေးငယ် ၃၃ ❤

151K 9K 450
                                    

Unicode...
>>>>>>>>

.
.

မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတာကြောင့် သုသု အိပ်ရာနိုူးသည်တော့ နေ့လည်တောင်ရောက်နေပြီဖြစ်သည်။ သုသု စိတ်ထဲတစ်ခုခုလိုနေတယ် ဘာလိုနေမှန်းတော့မသိ။

သို့ပေမယ့် ရုတ်တရက် သုသုလက်ကိုကြည့်လိုက်တော့ လက်စွပ်မရှိတော့တာမို့ ရေချိုးခန်းအပါအ၀င် နေရာမနှံလိုက်ရှာကြည့်မိသည်။

*မနေ့ညကတောင်ရှိသေးတာကို ဘယ်ရောက်သွားပါလိမ့်..ကိုကိုများယူသိမ်းလိုက်တာလားဟုတ်မယ်ထင်တယ် နောက်မှမေးကြည့်လိုက်ပါဦးမယ်*

ထို့နောက်ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ကိုဆင်းလာတော့ ကြီးကြီးချိုက ထမင်းပွဲပြင်ထားပေးသည်မို့ သုသု ထမင်းစားလိုက်သည် ။ စားပြီးတာနဲ့ခြံထဲဆင်းထိုင်နေလိုက်သည် ။

*ညနေတောင်ရောက်တော့မယ် ကိုကို့အသံတောင်မကြားရသေးဘူး...ကိုကိုကလဲဘာလို့ဖုန်းမဆက်တာလဲမသိဘူး ခါတိုင်းဆို ဖုန်းဆက်နေကြကို ဟွန့် ..သုသု ကို ပစ်ထားတယ် ကိုကိုစုတ်ကြီး*

"အကို၀န..သုသုကို စားပွဲပေါ်မှာ ဖုန်းသွားယူပေးပါလား..သုသု အပေါ်ပြန်မတတ်ချင်လို့..ဟီး "

"ဟုတ်..သခင်လေး"

သုသု အနီးမှာရပ်နေတဲ့ ၀န ကို ဖုန်းသွားယူခိုင်းလိုက်သည်။ခဏကြာတော့ ၀န ပြန်လာပြီး သုသု ကို ဖုန်းပေးလာသည်။ ဖုန်းလက်ထဲရောက်သည်နှင့် ကိုကိုဖုန်းခေါ်ထားသေးလားကြည့်ပေမယ့်ဖုန်းအဝင်ကောမရှိ စာနှစ်စောင်သာဝင်ထားသည် ။

*ကလေးလေး အိပ်ရာနိုးပြီလား..ကလေးအိပ်ရာနိုးရင် ထမင်းသေချာစားနော် လွမ်းတယ် ကလေးလေး..*

ဆိုတဲ့ မက်ဆေ့နှစ်စောင်ပဲပို့ထားသည်။

* ဂါးးး...ဖုန်းလဲမခေါ်ထားဘူး..တွေ့မယ်*

စိတ်ဆိုးဆိုးနဲ့ သုသု ဖုန်းနံပတ်ကိုကောက်နှိပ်ပြီးခေါ်လိုက်သည်။

>>>>>>>>>>>>>>>>>

ဇိုင်း အစည်းေ၀းခန်းထဲမှာ ရှယ်ယာရှင်များနဲ့အတူ နိုင်ငံခြား Project တစ်ခုကိုဆွေးနွေးနေကြသည်။ အစည်းေ၀းခန်းခုံတန်းရှည်တစ်ခုရဲ့ထိပ်ဆုံး ဆုံလည်ခုံမှာ ခြေချိတ်ပြီး မာန်ပါပါထိုင်ကာ အရှေ့က ရှင်းပြတဲ့ အကြောင်းအရာကို စိတ်၀င်တစားကြည့်နေသည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now