❤ ကိုကိုရဲ့ကလေးငယ် ၄၈ ❤

128K 7.7K 587
                                    

Unicode. ..
>>>>>>>>>

.
.

အချိန်တိကျတဲ့ ဇိုင်း က မြို့ပြင်က ဆောက်လက်စ ဇိုင်း ရဲ့ ဟိုတယ်ဆီ အချိန်အတိကျရောက်လာခဲ့ပြီး ဟိုတယ်ဆောက်နေစဉ်က ​နောက်မှာ ဇိုင်းအတွက် ယာယီရုံးခန်းကျယ်လုပ်ထားတာကြောင့် ဇိုင်း သုသု လက်လေးကိုင်ကာ ရုံးခန်းဆီ သွားလိုက်သည်။

ရုံးခန်းရှေ့ရောက်တော့ ဇိုင်း ခန့်ထားတဲ့ ရုံးစောင့်ပြောပြတာကြောင့် ဧည့်သည် တွေ အထဲမှာ ကြိုရောက်နေကြမှန်း သိလိုက်သည်။ ဇိုင်း ရုံးခန်းထဲဝင်သည်နှင့် ဆောက်လုပ်ရေး ပညာရှင်ထင်ပုံရတဲ့ လူတစ်ယောက်နဲ့ ဇိုင်း ထက်နည်းနည်းငယ်မယ်ထင်ရတဲ့ မိန်းကလေး တစ်ယောက် ဇိုင်း ကိုကြိုစောင့်နေသည်...။

ဇိုင်းကိုမြင်တော့ သူတို့နှစ်ယောက်က မတ်တတ်ရပ်ကာ နှုတ်ဆက်တော့ ဇိုင်း အလိုက်သင့်ပြန်၍နှုတ်ဆက်လိုက်သည်။

"ရောက်နေတာ ကြာပြီလား... ကိုယ် နောက်မကျပါဘူးနော်"

"နောက်မကျပါဘူး... ကျွန်တော်တို့်က လေယာဉ်ဆိုက်တာနဲ့တစ်ခါတည်းဝင်လာတာဆိုတော့ မိနစ် ၂၀ လောက်စောသွားတာ...."

"အော်.... ထိုင်ကြပါ..."

ဇိုင်း သူတို့ကိုထိုင်ခိုင်းပြီး ဇိုင်း နောက်မှာရပ်နေတဲ့ ကလေးကို လက်လေးဆွဲကာ ဇိုင်း ဘေးနားမှာ ထိုင်ခိုင်းလိုက်သည်။

အခုဆို ဇိုင်း တို့ လေးယောက်ထိုင်ပုံက အကုန်မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ ကျော်ထက်နဲ့ ဝနကတော့ သုသု ဘေးမှာဝန မတ်တတ်ရပ်ပြီး ဇိုင်း ဘေးမှာ ကျော်ထက် မတ်တတ်ရပ်နေသည်။

စောနက ဇိုင်း နဲ့စကားပြောနေတုန်းက ဇိုင်း ကိုယ်နဲ့ ကွယ်ထားသလိုဖြစ်နေတာကြောင့် ထိုလူနှစ်ယောက် က နောက်က သုသုကို သတိမထားမိပေမယ့် အခုတော့ ဇိုင်း ကိုရှေ့မှာထားပြီး ပေါ်တင်ငမ်းနေကြတဲ့ ဇိုင်းရှေ့က လူနှစ်ယောက်ကို ဇိုင်း ဂုတ်ချိုးပစ်ချင်လာသည်။

"အဟမ်းး..ဟမ်း"

ဇိုင်း ဘေးနားက ကျော်ထက် ချောင်းဟန့်လိုက်မှ ထိုနှစ်ယောက် သတိဝင်ကာ....

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now