Unicode...
>>>>>>>>>.
.ဧည့်ခန့်ထဲမှာမိန့်မိန့်ကြီးထိုင်နေတဲ့ ထိုလူကြောင့် ဇိုင်း အထဲပင် ဆက်မ၀င်ချင်တော့ပေ။
"ဧည့်သည်ဆိုလို့ ဘယ်သူများလဲလို့.."
ပြောပြီးသည်နှင့် ဇိုင်း သုသု ကိုယ်လေးကို ပွေ့ချီကာပင် ဧည့်ခန်းဆိုဖာမှာ၀င်ထိုင်လိုက်သည်။
သုသုလဲ ဧည့်သည်ဆိုသူကိုလှမ်းကြည့်လိုက်သည်။မြတ်မင်းသည်လဲ ဇိုင်း ကလေးတစ်ယောက်လိုပွေ့ချီလာတဲ့ သုသု လေးကိုကြည့်ကာပြုံးပြနေသည်။
"ကိုခန့်.."
သုသု ကိုမြင်တာနဲ့ မြတ်မင်း ပြုံးပြကာ..။
"ညီ..နေမကောင်းဘူးဆို..သက်သာရဲ့လား.."
မြတ်မင်းမေးလိုက်တော့..။
"ဟုတ် သက်သာပါတယ်.."
"ညီ အခုလိုဖြစ်တာ အကို အခုမှသိလို့ သတင်းလာမမေးဖြစ်ဘူး Sorryနော်.."
"အာ..ရပါတယ် ကိုခန့်ရယ် သုသု လဲ သက်သာနေပါပြီ.."
ဇိုင်းကိုမြင်တာတောင် တစ်ချက်ပဲကြည့်ပြီး သုသု ကိုသာ စိုးရိမ်တဲ့မျက်၀န်းတွေနဲ့ကြည့်နေတဲ့ မြတ်မင်းကို ဇိုင်း အမြင်မကြည်တော့..ဇိုင်း မျက်မှောင်ကြုတ်ပြီးသာ ကြည့်နေသည်။
"အဟမ်းး..ဟမ်း.."
ဇိုင်း ချောင်း၀င်ဟန့်လိုက်သည်။အဲ့တော့မှ မြတ်မင်း ဇိုင်း ကို မျက်စိမျက်နှာပျက်ပြီးကြည့်လာသည်။
"အဲ့တာဆို မင်း ဒီကိုလာတာ ကလေးရဲ့ကျန်းမာရေးသတင်းလာမေးဖို့သက်သက်ပဲလား"
"ကျုပ်က ခင်ဗျားနဲ့အရေးကြီး တစ်ချို့ကိစ္စဆွေးနွေးချင်လို့ပါ.."
မြတ်မင်း နှုတ်ကသာမပြောကြပေမယ့် မျက်လုံးထဲမှာတော့ သုသု အကြောင်းပဲဆိုတာ ဇိုင်း သိသည်။
"ကောင်းပါပြီ..."
"ကိုခန့် က ကိုကို့ဆီလာတာလား.."
"ဟမ်..အော်..အင်း ဟုတ်တယ် အကို ဦးဇိုင်းနဲ့လုပ်ငန်း ကိစ္စလေးရှိလို့.."
"အော်..ဟုတ်..ဒါနဲ့ ကိုခန့်နဲ့ ကိုကိုက ဘယ်လိုလုပ်သိသွားကြတာလဲ.."
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။