Unicode...
>>>>>>>>>.
.ဇိုင်း တို့ မြန်မာပြည်ပြန်ရောက်သည်နှင့် ဇိုင်းနဲ့သုသု လက်ထက်လိုက်တာကို စီးပွားရေးလောကနဲ့ ဇိုင်း တို့ လူမှု့ပက်ဝန်းကျင်ကိုပါ တရားဝင် ကြေငြာခဲ့သည်။ မထင်မှတ်ထားတဲ့ ဦးဇိုင်း ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးရဲ့ လိင်တူလက်ထက်ပွဲ သတင်းကိုကြားရတော့ တချို့လုပ်ငန်းရှင်တွေကြားထဲမှာ အတော်ပွဲဖြစ်သွားသေးသည်..။
ဇိုင်း အရှိန်အဝါကို ကြောက်လို့ရော ငွေကြောင့်ပါ တချို့က လက်ခုတ်တီးအားပေးကာ အကောင်းပြောကြပေမယ့် တချို့ ဇိုင်း နဲ့မတည့်တဲ့ စီးပွားရေးပြိုင်ဘက်တွေဆီက မကောင်းတဲ့ဝေဖန်ချက်တွေလဲကြားရသည်။
ဇိုင်း ကတော့ လူတွေရဲ့အထင်အမြင်တွေကို နဂိုထဲက ဂရုမစိုက်တတ်သူပီပီ အခုလိုသူ့နောက်ကွယ်ရာမှာ ဘယ်လိုပဲပုတ်ခတ်နေပါစေ မမှု့ပါ။ သို့ပေမယ့် ဇိုင်းရဲ့အချစ်ကလေး ကတော့ ဒီဒဏ်တွေကို ခံနိုင်ရည်ရှိမှာမဟုတ်...ဒါကြောင့် ဇိုင်းတို့လက်ထက်တဲ့ ကိစ္စနဲ့ပက်သတ်ပြီး ဇိုင်းရဲ့ကလေး ကိုတစ်စုံတရာမကောင်းပြောလာတဲ့လူရှိရင် အချိန်မရွေး နေရာမရွေးဂုတ်ကဆွဲခေါ်ပြီး ရှင်းပစ်ခိုင်းလိုက်သည်.....။
>>>>>>>>>>>>>>>>>>>>>>>
စံအိမ်ပြန်ရောက်ထဲက ကျော်ထက် ကိုရှောင်နေတဲ့ ဝန ကို လိုက်ဖမ်းနေရသည်။
ကျော်ထက်အခြေနေကို ရိပ်မိတဲ့ Bossက အခု Boss company ကိစ္စကြောင့် အတူလွတ်လိုက်တာကြောင့် ဝန ရှောင်လို့မရတော့ပဲ လိုက်ပါလာရသည်။ ကားပေါ်ရောက်ထဲက အပြင်ကိုသာငေးကြည့်နေပြီး ကျော်ထက်ဘက်ကိုနည်းနည်းလေးတောင်လှည့်မလာတာကြောင့် ကျော်ထက် လမ်းဘေးတစ်နေရာကို ကားထိုးရပ်လိုက်သည်။
သွားနေတဲ့စက်ရုံမရောက်သေးပဲ ကားရပ်လိုက်တာကြောင့် ဝန ကျော်ထက်ဘက်ကိုလှည့်ကာ ကြည့်တော့ ကျော်ထက်ခါးမှာပတ်ထားတဲ့ ခါးပတ်ကြိုးကိုဖြုတ်ကာ ဝန ကိုကြည့်လိုက်ပြီး....
"အခုမှပဲ လှည့်ကြည့်တော့တယ်..."
"ဘာလို့ကားရပ်လိုက်တာလဲ ရောက်ဖို့အဝေးကြီးလိုသေးတယ်မလား..."
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။