Unicode...
>>>>>>>>>.
.ဇိုင်း ဒီနေ့ Project ကိစ္စအတွက် မြတ်မင်းနဲ့ချိန်းထားတာကြောင့် ပြင်ဆင်နေသည်။ သုသုလေး ကိုခေါ်သွားချင်ပေမယ့် ဟိုရောက်ရက် အလုပ်ကိစ္စတွေချည်းပဲအာရုံစိုက်ရမှာဆိုတော့ သုသု ကို ပစ်ထားသလိုဖြစ်နေမှာစိုးတာကြောင့် အိမ်မှာပဲနေစေသည်။ မြတ်မင်း ဘက်က ဘာကြောင့် ဒီ Project ကို ဇိုင်း နဲ့ လာပူးပေါင်းလဲမသိပေမယ်ဘာပဲဖြစ်ဖြစ် ဇိုင်း အတွက် မနစ်နာတဲ့ကိစ္စမို့ ဇိုင်း ဘက်ကလဲ လက်လွတ်စရာ အကြောင်းမရှိ...။
ဇိုင်း စတိုင်ပင်ဘောင်းဘီနဲ့ ကော်လန်တီရှပ် အဖြူစင်းကြားကိုဝတ်ကာ ငွေရောင်နာရီကိုပတ်ပြီး စာချုပ်ဖိုင်တွေ စစ်နေသည်။ သုသုလေး ကတော့ ဇိုင်း လုပ်နေသမျှကို မွေ့ယာပေါ်မှာ တင်ပလွေထိုင်ကာ ငေးကြည့်လို့နေသည်။
အားလုံးပြီးစီးသည်နှင့် ဇိုင်း သုသုလေးအနားသွားထိုင်လိုက်ပြီး အချိုသာဆုံးအပြုံးလေး ပြုံးကာ နှာဖူးလေးကိုကြင်နာစွာနမ်းလိုက်သည်။
"ကလေး ကိုကို သွားတော့မယ်..အိမ်မှာ လိမ်လိမ်မာမာနေခဲ့နော် ကိုကို စောစောပြန်လာခဲ့မယ်..."
"ဟုတ်ကဲ့ ကိုကို.. အော် ဒါနဲ့ ကိုကို ပြန်လာရင် ကလေးအတွက် ချောကလပ်ကိတ်ပူပူလေး ဝယ်ခဲ့ပေးပါလား ဟင် .."
အရုပ်ကလေး ဖက်ထားပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့ပြောနေတဲ့ သုသုလေး ကို ဇိုင်းကြည့်ကာ အချစ်ပိုနေရပြန်သည်။အသည်းယားစရာ ကောင်းလွန်းတဲ့ သုသုရဲ့ နှာခေါင်းကို ဇိုင်း အသာလေးဆွဲညစ်ပြီး ဇိုင်း သုသုရဲ့ပုခုံးလေးကို ကိုင်ကာ.. ။
"ဝယ်ခဲ့ပေးမှာပေါ့ ကလေးလေးရဲ့... ကြည့်ပါဦး ပြောနေတဲ့ပုံလေးက ချစ်ဖို့ကောင်းလိုက်တာ.. ကိုကို အပြင်တောင်မသွားချင်တော့ဘူးနော်"
"ဟီးဟီး ကိုကိုကလဲ.. သွားတော့လေ ကိုကို ချိန်းထားတာ နောက်ကျတော့မယ်... "
"ကောင်းပါပြီဗျာ...သွားပါမယ်..ကိုကို အောက်မှာ ဝန ကိုခေါ်ပေးထားတယ်..ကိုကို မရှိတော့ ကလေးပျင်းနေမှာစိုးလို့..."
"ဟုတ်...ကလေး အောက်ကိုလိုက်ပို့မယ်နော် "
ဇိုင်း ဘာပြောပြော ဟုတ် ဆိုတဲ့ စကားလေးနဲ့ပြန်ဖြေတတ်ပြီး ဘယ်လိုကြည့်ကြည့်ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ ဒီကလေးဆီမှာ ကြမ်းတမ်းပြီး သနားကြင်နာမှု့ဆိုတာ ဘာမှန်းမသိတဲ့ ဦးဇိုင်း လို့ခေါ်တဲ့ ကိုယ်က ကျရှုံးခဲ့တာကို ပြန်တွေးမိရင် ဇိုင်း အရမ်းကျေနပ်နေသည်။
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။