Unicode...
>>>>>>>>>.
ရှေ့ခန်းမှာ ကျော်ထက်နဲ့ဝနကို ကားမောင်းခိုင်းထားပြီး..နောက်ခန်းမှာ ဇိုင်းနဲ့သုသုထိုင်နေသည်။
ဇိုင်း ကလေးကိုပြုံးကြည့်နေပေမယ့် မနေ့ညက ထွန်းမြတ်ပြောသွားတဲ့ စကားကို စိုးရိမ်ပြီး စိတ်လှုပ်ရှားလွန်းလို့ အဆက်မပြတ်ရင်ခုန်လွန်းနေသည်ကြောင့် ဒူးတွေတုန် လက်နှစ်ဖက်ကိုယှဉ်ဆုပ်ကိုင်ပြီး ဒူးပေါ်တင်ထားသည်။
သုသု လဲ ဇိုင်းရဲ့ပုံစံကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတော့သည်။ မနေ့ညက သုသု ဂဏန်းဟင်း စားပြီး အလက်ဂျစ် ဖြစ်ပြီး အကိုထွန်းမြတ်ပြီးဆေးထိုးတဲ့အထိပဲမှတ်မိတယ် ကျန်တာတော့ သုသုမသိလိုက်ဘူး ။
ကိုကို့ပုံစံအခုလိုဖြစ်နေတာကြောင့် ဘာဖြစ်လို့လဲမေးတော့လဲ ပြုံးပြီး ဘာမှမဖြစ်ပါဘူး လို့ပဲ ပြောနေတယ်။ အခု မနက်ကျတော့ သုသု အတွက်ဆေးရုံသွားပြရမယ် ဆိုပြီးထွက်လာတာ တလမ်းလုံး ကိုကို့ပုံစံက သုသု ကို ပြုံးပြနေပေမယ့် ဦးတည်ချက်ပျောက်နေသလိုပဲ။
*ဘာကြောင့်များလဲ ကိုကိုရယ် ကလေး စိတ်ပူလိုက်တာ...ကလေး စိတ်ပူတယ်ဆိုတာ ဆေးရုံရောက်ရင် သိရမယ့် ကလေးအခြေနေအတွက်မဟုတ်ဘူး... ကိုကို့ ကို အခုလိုပုံစံနဲ့မတွေ့ချင်လို့ပါ...*
သုသု ဇိုင်း အနားနားတိုးကာ ဇိုင်း ရဲ့ ယှဉ်ဆုပ်ထားတဲ့လက်နှစ်ဖက်ကိုယူပြီး သုသု ပါးလေးနဲ့ကပ်လိုက်သည်။ စိုးရိမ်စိတ်နဲ့လက်ဖျားတွေအေးစက်နေရာကနေ ပူနွေးသွားသည်မို့ ဇိုင်း မော့ကြည့်လိုက်တော့ သုသု ဇိုင်းကို ချစ်ဖို့ကောင်းအောင်ပြုံးပြကာ...
"ကိုကို..."
"ဟင်....ကလေးလေး ပြောလေ.."
"ပြုံးပြ ကိုကို ဒီနေ့ ကလေးကို ပြုံးပြနေပေမယ့် ပျော်နေတဲ့ပုံလဲ မပေါ်ဘူး ဘာလို့လဲဟင်...ကလေးအတွက်ဆိုရင် စိတ်မပူပါနဲ့နော် ကလေးက ကိုကို အမြဲတမ်းပြုံးပျော်နေတာပဲမြင်ချင်တာလေ..."
ဇိုင်း လက်ကိုပြန်ယူပြီး သုသုလေးကိုရင်ခွင်ထဲဆွဲဖက်ထားပြီး...
" ကိုကိုကလေးကိုပစ်ထားမိသလိုဖြစ်နေပြီလား ကလေးလေး...ကိုကိုတောင်းပန်ပါတယ် "
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။