❤ ကိုကိုရဲ့ကလေးငယ် ၁၂ ❤

171K 10.8K 246
                                    

Unicode...
>>>>>>>>

.
.

မနက်ခင်းရဲ့နေရောင်က သုသုကျောပြင်ကိုရောက်လာတာမို့ ဇိုင်းလက်နဲ့ကာထားပေးလိုက်သည်။ ကျောပြင်ပူနေတာတောင် ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီးအိပ်မောကျနေတဲ့ ဇေသုတ ကို ကြည့်ပြီး ဦးဇိုင်း မနက်ခင်းအေးချမ်းနေသည်။ ထိုအတူ အမှတ်တမဲ့ လက်ကလေးကိုအကြည့်ရောက်သွားတော့ လက်စွပ်လေးနဲ့လက်ကလေးဟာ ညကထက်ပင် ပို၍လိုက်ဖက်နေသယောင်မို့ ဦးဇိုင်း မြတ်နိုးစွာနမ်းရှိုက်လိုက်သည်။

"အင်းးး မောနင်း ကိုကို "

"မောနင်း ကလေးလေး"

ဇိုင်း သုသုနှာဖူးလေးကိုနမ်းရင်း ထလိုက်သည်။

"ညက ကိုကိုဘယ်အချိန်ပြန်လာတာလဲဟင်.. ကလေးစောင့်နေသေးတယ်.. အိပ်ချင်လို့အိပ်ပျော်သွားတာ ဟီးးး"

အိပ်ချင်မူးတူးလေးနဲ့ထထိုင်ပြီး ဇိုင်းကိုပြောနေတဲ့ပုံလေးက ပကတိအရုပ်ကလေးတိုင်းပဲ အရမ်းချစ်ဖို့ကောင်းနေသည်။

"ညက ကိုကိုပြန်လာတာနောက်ကျတယ်..နောက်တစ်ခါကိုကို့ကိုစောင့်မနေနဲ့နော် ကိုကို့ကြောင့် ကလေးအိပ်ရေးပျက်မှာစိုးလို့"

"ဟီးး ဟုတ်"

ပြောပြီးမှ သူ့လက်ကလေးကိုကြည့်ပီး လက်စွပ်လေးကိုအခုမှမြင်ပုံရတယ် သေချာကြည့်နေသည်။

"ကိုကို ဒါက..."

"ကိုကို ကလေးနဲ့ဆင်တူလေး၀တ်ချင်လို့ ၀ယ်လာတာလေ ဒီမှာ ကိုကို လဲ၀တ်ထားတယ်"

ပြောပြီး ဇိုင်း လက်ထုတ်ပြသည်။ သုသုကတော့ ဇိုင်းလက်ကိုကြည့်လိုက် သူ့လက်ကိုကြည့်လိုက်နှင့်အံသြနေသည်။

"လက်စွပ်လေးက အခုခေတ်ပုံစံလေးနဲ့မတူဘူးနော်..ကိုကို တမျိုးလေးပဲအရောင်လေးကလဲတစ်မျိုးလေး..ထူးထူးခြားခြားတောက်ပနေသလိုပဲ"

သုသု လက်စွပ်လေးကိုသဘောကျပြီးပြုံးနေသည်မို့ ဇိုင်းစိတ်ထဲပျော်သွားသည်။

"ကလေး သဘောကျရဲ့လား ကိုကို ကလေးမကြိုက်မှာစိုးရိမ်နေတာ"

"ကလေး သဘောကျတယ်"

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now