ချင်းပေက သတိရလာလာချင်း နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသည်။ သူမရဲ့ မျက်လုံး များကို ဖြည်းညင်းစွာ ဖွင့်လိုက်သော်လည်း အလင်းတစ်ချက်ပင် မမြင်ရဘဲ အရာရာသည် မှောင်မည်းနေသည်။ ' ဟင်...ငါ နေရာမှား ရောက်လာတာလား .. ဒါမှမဟုတ် ..ငါ...ငါ မျက်စိကန်းသွားတာတော့ မဟုတ်ဘူးမလား..'
အင်းးဟင်းးး
သူမဘေးနားမှ တိုးညင်းသည့် ငြီးငြူသံကို ကြားလိုက်ရသဖြင့် သူမရဲ့အမူအရာက တောင့်တင်းသွားသည်။ သည်အချိန်တွင် တိုက်ဆိုင်လှစွာ အခန်းတွင်းသို့ နေရောင်ခြည်အလင်း ကျရောက်လာသည်။
ဒေါက်...ဒေါက်...
" ဒီမှာ ... စားစရာ .. " ခပ်ပြတ်ပြတ် အသံနဲ့အတူ အပေါက်သေးတစ်ခုမှ ပေးပို့လာသော ထမင်းပန်းကန်ပြား တစ်ချပ်ကို တွေ့လိုက်ရသည်။
" ဘာ...ဘာတြွေဖစ်နေတာလဲဟ .." ချင်းပေက အခြေအနေကို လိုက်မမီတော့ပေ။ သူမက တံခါးအား ထုရိုက်လိုက်သည်။ " ဒီမှာ...ဒီမှာ... ငါ့ကို တံခါးဖွင့်ပေးစမ်းပါ "
အခန်းအပြင်ဘက်မှ ခြေသံက ရပ်တန့်သွားပြီး အထင်သေးသည့် လေသံဖြင့် ပြောလာသည်။ " တတိယသခင်မလေး .. ကြိုးစားမနေပါနဲ့တော့... ဒီမှာ နောက်ထပ်တစ်ရက်လောက် ဒုက္ခခံလိုက်ပါဦး .. သခင်ကြီးတို့က သခင်မလေးကို အပြင်ထုတ်ပေးမှာပါ "
ချင်းပေ၏ တံခါးအား ထုရိုက်နေသည့် လက်များက ရပ်တန့်သွားသည်။ တံခါးအပြင်ဘက်က လူက နှာခေါင်းရှုံ့လိုက်သည်။ " အဲ့လို ကိုယ့်အဆင့်ကို သိမှပေါ့ "
ချင်းပေက တဖြေးဖြေးဝေးကွာသွားသော ခြေသံကို ကြားသော်လည်း နေရာတွင်ပင် မလှုပ်မယှက်ထိုင်နေမိသည်။ အတန်ကြာ အခန်းတွင်းတွင် အပ်ကျသံပင်ကြားရလောက်ပြီး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။
" ဒီနေရာ .. ဘာလို့ မှောင်မဲနေတာလဲ ငါ့ .. host ..ငါ့host ရော...သေစမ်း ဘယ်လိုဖြစ်နိုင်မှာလဲ ... Host က ကမ္ဘာကူးလမ်းကြောင်းမှာ ကျန်နေခဲ့တာများလား "
အလန့်တကြား ရေရွတ်နေသည့် အသံက ချင်းပေ၏ အတွေးကို နှောက်ယှက်လိုက်သည်။ ချင်းပေက မတ်တပ်ရပ်လိုက်ကာ နံရံကို စမ်းတဝါးဝါး လိုက်ရှာ လိုက်သည်။ ခနအကြာ ခလုတ်ဖွင့်သံကို ကြားလိုက်ရပြီး အခန်းတွင်း အလင်းရောင် ပြန်ရသွားသည်။
