(7)[̲̅A][̲̅r][̲̅c] 1̸:4̸

8.9K 768 5
                                    


ညနေခြောက်နာရီမှာ ရှောင်ကျန့်တို့ထမင်းစားကြ
သည်။ ကြီးမားတဲ့စားပွဲဝိုင်းကြီးမှာ သူရယ်ဟူလေးရယ်
နှစ်ယောက်ထဲသာ ဟူလေးအတွက် ငါးအသားလေးကို
ဖဲ့ကာ အရွက်ကြော်တစ်ချို့နဲ့ပန်းကန်ထဲထည့်ပေးကာ

"ဟူလေး စားနော် စားမှ သားလေး အားရှိမှာ"

"ဟုတ်"
ရှောင်ကျန့် စကားနားထောင်စွာပင် ပါးနှစ်ဖက်မှာပေါက်
စိလုံးလေးတွေလို ဖောင်းကားနေတဲ့ထမင်းတွေ စားတော့
သည်။

" ဖြေးဖြေးစားလေ နင်နေမယ် ရော့ ရေသောက်"

ရှောင်ကျန့် ညနေစာကို အနည်းငယ်သာစားလိုက်သည်။

' system ဇာတ်လိုက်ကဘယ်မှာလဲ'

* အခုသူ ဇာတ်လိုက်မနဲ့စကားပြောနေပါတယ်*

(ဟွန့် သူ့ဟာမလေးနဲ့ စကားပြောနိုင်သေးတယ်ပေါ့)
systemလေးကတော့ သူ့hostဘာဖြစ်နေလဲမသိပဲ
စိတ်မကောင်းဖြစ်မှာစိုးကာ နှစ်သိမ့်လိုက်တော့သည်

*host အားတင်းထားပါ ဇာတ်လိုက်က သူမကိုသိပ်စိတ်
မဝင်စားတော့ပါဘူး *

' ဟမ် ဘာလို့လဲ'

* အဲ့တာ သူ ဟူလေးကို သနားသွားပြီး သူ့ကလေးလို့
လက်ခံလိုက်လို့လေ*

' ဟွန့် လွယ်လိုက်တာ အဲ့ဒါဆို အရင်ရှောင်ကျန့်လေး
ခံစားရမှာမဟုဘူး'

systemလည်း ပြောခွင့်မရှိလို့ ပါးစပ်သာပိတ်နေလိုက်
သည်။

ဟူလေးနဲ့TVပြညခ့နေရင်း systemကပြောနေတဲ့
ရှောင်အိမ်တော်အကြောင်းနားထောင်နေလိုက်သည်။
systemပြောကြားချက်အရ ရှောင်အိမ်တော်ကT city
မှာ ဒုတိယအာဏာအကြီးဆုံးလို့သိလိုက်ရသည်။
Limited ရေမွေးကုမ္ပဏီဖြစ်ပြီး အခုT Cityကိုသာ
မက နိုင်ငံအနှံ့အပြားမှာလည်း အောင်မြင်နေသည်
ရှောင်ကျန့်က တစ်ဦးတည်းသောသားဖြစ်လို့ ဆိုးပေမဲ့
ရှောင်ပါးနဲ့မားက အရမ်းချစ်သည်။ ငယ်သူငယ်ချင်းကျိုး ချန် နဲ့သာတွဲပီး မာနကြီးတဲ့ကောင်လေးပေ။ ကျိုးချန်က
နေတဆင့် ရှောင်ပါးနဲ့မားက ဝမ်ရိချန်အကြောင်းသိ
တော့ တားပေမဲ့မူလရှောင်ကျန့်အဆိုးလေးက မိဘတွေ
ကိုအဆက်ဖြတ်ပြီး ဝမ်ရိချန်နဲ့အတူနေတော့ ရှောင်ပါးနဲ့
မားက စိတ်ဆိုးပြီး အမွေဖြတ်မယ်ပြောလည်းဂရုမစိုက်
ခဲ့။

My soulmate(system) Where stories live. Discover now