(40) ယွီဖေးကျင့်

5.2K 573 14
                                    


𝒂𝒓𝒄 3.6

[ 𝒛𝒂𝒘𝒈𝒚𝒊 ]

ယွီဖေးကျင့် ဟန်လေးနဲ့ ဆယ်မိနစ်ကြာတော့ ကော်ဖီ
ဆိုင်ကိုရောက်သွားသည် ။ ကော်ဖီဆိုင်က အရမ်းမကြီး
ပဲ အပြင်အဆင်က လူတွေကို သက်တောင့်သက်သာ
ဖြစ်စေသည် ၊၊ ယွီဖေးကျင့် ကလေးလေးကို အောက်ချ
ပြီး လက်ဆွဲကာ အတွင်းကိုဝင်လာခဲ့သည် ၊၊

ကော်ဖီဆိုင်ပိုင်ရှင်က ယွီဖေးကျင့်ကိုပြုံးပြပြီး

" ဦးလေးလည်း မင်းကိုအားနာပါတယ်ကွာ ဧည့်သည်
တွေက မင်းမြင်တဲ့အတိုင်းပဲ ဦးလေးတစ်ယောက်ထဲ
မနိုင်တော့လ်ို့ "

ဟုတ်ပါသည် ။ ဆိုင်မှာရှိတဲ့ စားပွဲ၈ခုံမှာ လူတွေပြည့်
နေပြီး take awayစောင့်တန်းနေသူတွေပင်ရှိနေသေး
သည် ။

ယွီဖေးကျင့် ပြန်ပြုံးပြကာ

" မဟုတ်တာ ကျွန်တော်က ကျွန်တော့်ညီလေးပြောင်း
လာလို့ ခွင့်တင်လိုက်တာ "

" အော် ဒါမင်းညီလေးလား ''

" ဟုတ်တယ် "

" ချစ်စရာလေးပဲ "
စကားပြောနေရင်း ဧည့်သည်တစ်ယောက်က လှမ်းခေါ်တာကြောင့် ဦးလေးက ထွက်သွားသည် ။ ယွီဖေးကျင့်
ဟန်လေးကို ပွေ့ချီပြီး ကောင်တာ နောက်ကို ချပေး
လိုက်ပြီး

" ဟန်လေး ဒယ်ဒီ အလုပ်လုပ်လိုက်ဦးမယ် ဟန်လေးက
အာ ဒီမှာ ဒီကိတ်လေးစားရင်း စောင့်နေနော် "
စတော်ဘယ်ရီသီလေး တင်ထားတဲ့ ကိတ်မုန့်တစ်ခု
ကို ချပေးရင်း ယွီဖေးကျင့် ကလေးလေးခေါင်းကို နမ်း
ပြီး နှုတ်ဆက်ကာ ထွက်လာခဲ့သည် ။

ကောင်တာက ဟန်ကတော့ ထွက်သွားတဲ့ကျောပြင်
ကို ကြည့်ပြီး အနမ်းပေးသွားတဲ့ ခေါင်းကိုပွတ်သပ်ရင်း
ကျေနပ်အပြုံးပြုံးနေသည် ။

ဆက်တိုက်တိုးတိုးလာတဲ့ ဧည့်သည်တွေကြောင့် ယွီ
ဖေးကျင့်ရော ဆိုင်ရှင်ဦးလေးလီပါ မနားရသေး ။ ညနေ
သုံးနာရီမှာ ဧည့်သည်တွေက ပါးသွားတာကြောင့်
ယွီဖေးကျင့် ဟန်လေးနားပြန်လာတော့ ကောင်တာ
နောက်က ဟန်လေးက စားပွဲကိုခေါင်းမှီပြီး အိပ်ပျော်နေ
တာကြောင့် ယွီဖေးကျင့် ကလေးလေးကိုပွေ့ချီလိုက်
သည် ။

My soulmate(system) Where stories live. Discover now