(10)[̲̅A][̲̅r][̲̅c] 1̸:7̸

8.5K 733 8
                                    

Z̸a̸w̸g̸y̸i̸

ဇာတ်လိုက်မဆီက ရင်းနှီးတဲ့အခေါ်အဝေါ်ကြောင့်
ရှောင်ကျန့်မဲ့ပြုံးပြုံးလိုက်သည်။ သူသိချင်မိသည်
သူတို့အတူတူအိပ်ပြီးတာတောင် ဝမ်ရိချန်က ဇာတ်လိုက်
မစုချင်းရီကို(အော် ဇာတ်လိုက်မနာမည်က စုချင်းရီကိုး)
ရွေးမလားဆိုတာကို

ဝမ်ရိချန်ရဲ့မျက်နှာက ရှောင်ကျန့်နဲ့ဇာတ်လိုက်မအတူရှိ
နေမှုကြောင့်မျက်မှောင်ကြုပ်မိပေမဲ့ ဘာမှမပြောဒါကြောင့်
ပဲ ရှောင်ကျန့် စကားပြောမယ်လုပ်တုန်း စုချင်းရီက

" ရိချန် မုန့်လာဝယ်တာလား"

ရှောင်ကျန့်ရှိနေ၍လားမသိပေမဲ့ ဝမ်ရိချန်က သူမကို
အေးစက်စက်မျက်နှာနဲ့ခေါင်းသာငြိမ့်ပြသည်။ ထိုချိန်
စုချင်းရီဖုန်းလာကာ သူတို့နှစ်ဦးကိုနှုတ်ဆက်ပြီး
ထွက်သွားသည်။

ရှောင်ကျန့်လည်း နည်းနည်းပျင်းစရာကောင်းတာကြောင့်
ထွက်သွားဖို့ပြင်နေတုန်း ဝမ်ရိချန်က သူ့လက်ကိုဆွဲ
ကာ ကားထဲအတင်းဝင်စေသည်။

'ဖာ့ခ် ဒီဖေကို ဖြေးဖြေးလုပ်ဟ ဆံပင်ကပုံသွင်းထား
ရတာ'

systemကတော့ သူ့hostလေးoccမဖြစ်ရင်ပြီးရော
ဆိုပြီး လွှတ်သာထားသည်။

" ဝမ်ရိချန် မင်း အွန့်"
lover seat မှာထိုင်နေတဲ့သူ့ကိုအုပ်မိုးလာလို့ အော်
ပေမဲ့ ဝမ်ရိချန်နှုတ်ခမ်းနဲ့နှုတ်ပိတ်ခံလိုက်ရသည်။

ရှောင်ကျန့် အသက်ရှုရပ်မတတ်အချိန်မှ လွှတ်ပေးပြီး
ရှောင်ကျန့်နဖူးလေးကိုနမ်းကာ

" မင်းကို သူမဘာပြောသေးလဲ"

"ဘာပြောရမှာလဲ"ပြောရင်း မျက်စောင်းပါထိုးလိုက်သည်။

ဝမ်ရိချန် သူ့အကြောင်း ရှောင်ကျန့်မသိသေးတာ
ဝမ်းသာသလို ဝမ်းနည်းသလိုပင်။ ပြီးတော့ အခုနောက်
ပိုင်း သူ ရှောင်ကျန့်ပေါ် အပြစ်ရှိသလိုခံစားလာရသည်။

သူကိုယ်တိုင် အဓိပ္ပါယ်မသိပေမဲ့ ရှောင်ကျန့်ကို သူ့အနား
မှာပဲ ထားချင်သည်၊ ဒီကလေးဖေသေးလေးကို
နမ်းရတာလည်း သူတဂယ်ကြိုက်သည်။ ပြီးတော့
အိပ်ယာပေါ်မှာရောပေါ့ ဝမ်ရိချန်အပြုံးကပိုထင်ရှား
လာလို့

My soulmate(system) Where stories live. Discover now