(14)[̲̅A][̲̅r][̲̅c] 1̸:1̸1̸

7.8K 703 7
                                    

Z̸a̸w̸g̸y̸i̸

ရှက်ရှက်နဲ့ ဝမ်ရိချန်ကိုတွန်းဖယ်ပြီး ရေချိုးခန်းရောက်မှ
အသက်ကိုဝဝရှုရတော့သည်။ သူ့အနေနဲ့ နောက်ဆုံး
ကျန်တဲ့ missionကို မပြီးခင် နှလုံးကခုန်လွန်းလို့
အပြင်ထွက်လောက်သည်။ ဆက်ဆံရေးတစ်ခု
တည်ဆောက်ဖို့ သူသိပ်အယုံအကြည်မရှိပေမဲ့ သူ့ရဲ့
မသိစိတ်ထဲက ဝမ်ရိချန်အား ယုံကြည်မိနေသည်။

အတွေးမများတော့ပဲsystemကိုမေးလိုက်သည်။

' system ဒီကမ္ဘာပြီးရင် နောက်ကမ္ဘာကို ကြိုသိလို့
ရလား'

* မရပါဘူး host ကျပန်းမို့ လို့ အထက်ကပဲသိမှာပါ*

' အေး အဲ့တာဆို f*ckလို့ ပြောပေး အထက်ကို'

*ဟုတ်ကဲ့ပါhost (devil smile)*

ရေချိုးပြီး ထွက်လာတော့ ဝမ်ရိချန်ရှိမနေ။ ရှောင်ကျန့်ည
အိပ်ဝတ်စုံကိုလဲဝတ်ကာ အောက်ထပ်ကိုဆင်းသွား
လိုက်သည်။ ဗိုက်ဆာလာလို့ ထမင်းစားခန်းထဲဝင်
လိုက်တော့ စားပွဲပြည့်စားစာရာကြောင့် ဟင်းချက်အဒေါ်
ကြီးကို ကျေးဇူးတင်စကားဆိုလိုက်တော့

" မလိုပါဘူးကွယ် သခင်လေးအတွက် မစ္စတာဝမ်
ပြင်ခိုင်းထားတာ"

"အို".ရှောင်ကျန့် ဘာမှမပြောတော့ပဲ စားနေရင်း
တဖက်က ပန်းကန်ကိုသတိထားမိတော့

" ဟို သူမစားရသေးဘူးလား"

" ဟုတ်တယ် သခင်လေးဆင်းလာမှ သူ့ကိုခေါ်ခိုင်း
ထားတာ မှတ်ဥာဏ်မကောင်းတော့ဘူး သခင်လေး
ရေ"
အခက်အခဲတွေ့နေတဲ့ ဟင်းချက်အဒေါ်ကြီးကို ပြုံးပြ
လိုက်ပြီး

" ထားလိုက်ပါ ကျွန်တော်သွားခေါ်လိုက်ပါ့မယ် စာကြည့်
ခန်းထင်တယ်"

ရှောင်ကျန့် ဝမ်ရိချန်ရဲ့ စာကြည့်ခန်းကို အကြိမ်အနည်း
ငယ်သာ ရောက်ဖူးသည်။ ဒီလိုတစ်သီးတစ်သန့်ဆန်
ပြီး စာကြည့်ခန်းကို သူ့ကမ္ဘာငယ်လေးအဖြစ်သတ်
မှတ်ထားပုံ

" ဒေါက် ဒေါက်"

"မစ် ယောကျာ်း ထမင်းစားရအောင် "

ရိချန် ကွန်ပျူတာက အပြူံးချိုချို ကောင်လေးဆီမှ
အကြည့်လွဲပီး တံခါးခေါက်သံကြောင့် မျက်ခုံးတွေတွန့်
ချိုးသွားပေမဲ့ နောက်ဆက်တွဲ နူးညံတဲ့အသံလေးနဲ့
ယောကျား ဆိုတဲ့ခေါ်သံကြောင့် ရင်ထဲပန်းတွေပွင့်
လာပြီး ကွန်ပျူတာကို ပိတ်ကာ ခြေလှမ်းတွေကတံခါး
ဆီသို့

My soulmate(system) Where stories live. Discover now