Arc 7.3 [ uni+ zaw ]

894 85 5
                                    




ဆေးရုံမှာမေ့နေတဲ့ရက်တွေမှာ ရှောင်းကျန့်ဝိဥာဏ်က ဝမ်ရိပေါ်အနားပဲရောက်နေတာကို systemတောင်မသိ။ ဝမ်ရိပေါ်ရဲ့ ပြန်လည်မွေးဖွားလာခြင်းကို သိထားပေမဲ့ သူ့ကို လက်စားချေဖို့ဆိုတာ လက်မခံနိုင်။ တစ်ပတ်လုံး သူ့ကိုချစ်ခင်ပေးတဲ့အချိန်တွေက ဟန်ဆောင်ထားတာလို့ တွေးမိတော့ ရင်ထဲမကောင်း။
သူ့ကို ချစ်မိနေလောက်ပါပြီဟု စိတ်ကတွေးထားတာကြောင့် အတူတူနေခဲ့တဲ့ တစ်ပတ်လုံး အဲ့အကြောင်းရာကို မတွေးမိခဲ့။

" ကျန့်ကျန့် နိုးပြီလား "

မျက်တောင်လေးတွေ ဖြေညင်းစွာလှုပ်ခတ်ရင်း ပွင့်လာတဲ့မျက်ဝန်းကြောင့် ဝမ်ရိပေါ် ပျော်ရွှင်စွာမေးမိသည်။

" အင်း "

"ကျန့်ကျန့် ကိုယ်တောင်းပန်ပါတယ်နော် ကိုယ့်ကိုစိတ်မဆိုးပါနဲ့တော့ကွာ နော် "

ဝမ်ရိပေါ်က တောင်းပန်လာတော့လည်း ရှောင်းကျန့်စိတ်မဆိုးရက်။ သူ့ကိုချစ်တဲ့ သူ့ချစ်သူဆိုပေမဲ့ အတိတ်ဘဝမှာ သူဝင်ထားတဲ့မူလကိုယ်ရဲ့ ဆိုးယုတ်မှုတွေကြောင့် ဆိုတာသိ၏။

" စိတ်မဆိုးပါဘူး "

" အင်း ကိုယ်ကိုမထားခဲ့နဲ့နော် ဟုတ်ပြီလား"

" ဟုတ်  "

နှစ်ယောက်လုံး ပြေလည်ပြီးနောက်မှာ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ dating rumourထွက်ပေါ်လာသည်။ ဝမ်ရိပေါ်ရဲ့brand ကြော်ငြာကလည်း fanတွေရဲ့ အားပေးမှုကြောင့် ဝမ်ရိပေါ်ကို စိတ်ဝင်
စားသူပိုများလာသည်။ ထို့အတူ ထွက်ပေါ်လာတဲ့ rumourက အမှန်မဟုတ်ဘူးဆိုကာ အင်တာနက်ပေါ်မှာ အသဲအသန်မေးခွန်းထုတ်နေကြသည်။

" ဝေ့ ရိပေါ် လိုင်းပေါ်ကသတင်းကိုကြည့်ပြီးပြီလား"

ဝမ်ရိပေါ် ရှောင်းကျန့်ရဲ့အကျီတွေကိုခေါက်နေရင်း
speakerဖွင့်ထားတာကြောင့် ချင်ဇီကျဲအသံကအခန်းထဲ ကျယ်လောင်စွာထွက်ပေါ်လာသည်။
အဝတ်ကိုလက်ကချပြီး ဖုန်းကိုspeakerပိတ်ကာ

" ကျွန်တော် သိပြီးပါပြီ "

" ကျဲဘက်ကတော့ မင်းကို ဝန်မခံစေချင်ဘူး
အခုချိန်က မင်းအတွက်ဓားပေါ်လမ်းလျှောက်နေရသလိုပဲ မင်းမှာကိုယ်ပိုင်fanတွေအများကြီးရှိပေမဲ့ မင်းရဲ့ datingကိုလက်ခံပေးနိုင်မဲ့သူက တစ်ဝက်တောင်မရှိဘူး ရိပေါ် "

My soulmate(system) Where stories live. Discover now