Arc 7. 1[ uni + zaw ]

1.1K 103 10
                                    

ဒီကမ္ဘာရဲ့ဇာတ်ကြောင်းက ရှောင်ကျန့်ကိုသေဖို့တွန်းအားပေးနေသည်။ အပြစ်တွေအရမ်းများတာကြောင့် ကျပန်းကမ္ဘာတွေကသည်လောက်ထိ ဆိုးဝါးလွန်းရတာလား မေးချင်ပါ၏ ။

*အရမ်းကြီး စိတ်မပျက်ပါနဲ့ ဇာတ်လိုက်ကhostရဲ့ချစ်သူပဲ*

' ချစ်သူဆိုတာနဲ့ပဲ အပြစ်ရှိစိတ်ကော ဟမ် အပြစ်ရှိစိတ်က ပိုဆိုးတယ်ကွ! '

*hostစကားပြောတာ လူသားဆန်ဆန်လာတယ်ရယ်*

' လူသားမဟုတ်ပဲ မင်းဖားသားလေ '

* ....... *

တိတ်ဆိတ်သွားတဲ့ systemက အတော်လေးကြာတဲ့အထိ အသံကိုထွက်မလာတော့။
တစ်ဟီးဟီးတစ်ခစ်ခစ်နဲ့ ရယ်နေတုန်း အပြင်ဘက်ကတံခါးသုံးကြိမ်ခေါက်သည် ။

" ရှောင်းကျန့်! စိတ်ပူလို့မဟုတ်ပေမဲ့ ရေချိုးခန်းထဲဝင်သွားတာကြာပြီနော် "

ထုံးစံအတိုင်းလေသံက အေးစက်နေပေမဲ့ ဖုံးကွယ်ထားတဲ့ ရှက်ရွံမှုကို ရှောင်းကျန့်သိပါသည်။ ဟမ့်
သူ့ချစ်သူပဲပါဆို

' ဝမ်ရိပေါ်က ငါ့ကိုချစ်တယ်ဆိုတော့လေ ဘယ်လိုလက်စားချေမျိုးတွေလုပ်မလည်းမသိဘူးနော်
ငါတွေးထားတာတော့ရှိတယ် သိလား '

* ....... * မပြောနဲ့မပြောနဲ့ ကျေးဇူးပြုပြီး မကြားချင်ဘူး

' အိပ်ယာပေါ်ကြိုးနဲ့တုပ်ပြီး ငါ့ကိုလက်စားချေ ဒါမှ မဟုတ်ရင် ငါ့ကိုmaid dressလေးတွေဝတ်ခိုင်းပြီး
ဓာတ်ပုံတွေရိုက် ပြီးရင် အိပ်ယာပေါ်တက် ဟိဟိ'

* ...... *

' မရှက်ပါနဲ့ ခဏခဏကြုံတွေ့လာရတာပဲမလား '

* .......* ခဏခဏကြုံတွေ့ရတာတွေက hostရဲ့မျက်နှာပြောင်မှုတွေလို့ systemလေးမပြောတော့
ပါ ။

သို့ပေမဲ့ စိုးရိမ်တာတစ်ခုက ဝမ်ရိပေါ်ရဲ့လက်စားချေမှုတွေက ပြင်းထန်မှာကိုပင်။ အတိတ်ဘဝမှာ သူ့ကြောင့် သေသွားရတာကြောင့် အနည်းဆုံးအငြိုးတော့ရှိဦးမည်။ အတိတ်ဘဝက ကောင်လေးက ဘာလို့ဝမ်ရိပေါ်ကို ရူးသွပ်တဲ့အထိ စွဲလမ်းရတာလဲ?

ရေချိုးပြီး အချိန်ထပ်မဆွဲတော့ပဲ ရှောင်းကျန့်အပြင်ထွက်လာခဲ့တော့သည်။ အနည်းငယ်လည်း စမ်းသပ်ချင်စိတ်​ကြောင့် ရေချိုးဝတ်ရုံကိုရင်ဘက်ကိုအတော်လေးဟပြီး ရင့ဘက်အထိမြင်ရအောင်ထိ အကွဲကြောင်းကို ဖော်ထားသည်။

My soulmate(system) Where stories live. Discover now