Arc 7.2 [ uni+zaw ]

909 88 4
                                    

ပထမဆုံးအနမ်းပြီး တစ်ပတ်ကြာချိန်

"မမြင်ချင်ဆုံးအရာထဲမှာ ငါတို့crushပါ,ပါတယ်
ဟိုမျက်နှာနှစ်ဖက်နဲ့ကောင်ကနေရာတစ်ကာကို ပါနိုင်လွန်းတယ် "

"ငါတို့crushကလည်း ဘာကြည့်ပြီးအဲ့လောက်သည်းသည်းလှုပ်နေရတာလဲ! "

" ဝမ်ရိပေါ်ရဲ့တစ်လောကလုံးကို ဂရုမစိုက်တဲ့အမူအယာတွေ ပြန်ပေးပါ "

" တစ်လောကလုံးဆိုတာ ဟိုရှောင်းကျန့်ဆိုတဲ့တစ်ယောက်လည်းပါတယ် "

တစ်ကျောင်းလုံးရဲ့ ချစ်ခြင်းမေတ္တာခံယူနေတဲ့ရှောင်းကျန့်ဟာ ယခုအချိန်မှာ ဝမ်ရိပေါ်ရင်ခွင်ထဲရောက်နေတာဖြစ်သည်။ ဇာတ်လမ်းအသစ်ကို နှစ်ယောက်အတူကြည့်နေကြတာဖြစ်သည် ။နှစ်ထပ်အိပ်ယာရဲ့ အပေါ်ထပ်က ပိုင်ရှင်ဘယ်သူမှန်းမသိတာကြာပြီဖြစ်သည်။

" အယ် ကြည့်ပါဦး ပြောထားလိုက်ကြတာ "

" ဘာကိုလဲ"

ရှောင်းကျန့် ဒီမှာကြည့်လေဆိုကာ ဖုန်းကို ဝမ်ရိပေါ်
လက်ထဲထည့်ပေးလိုက်သည်။ အချိန်တော်ကြာသည်အထိ postကို ကြည့်နေပြီး

" ဘယ်သူလဲ crushဆိုတဲ့သူက "

" အဲ့တာ မင်းလေ မင်း! "

ရှောင်းကျန့်ကပြောတော့ ဝမ်ရိပေါ်က ထူးဆန်းတဲ့မျက်နှာအမူအယာနဲ့ကြည့်ပြီးသူ့စကားကိုမယုံသည်မှာ အထင်အရှား။ နောက်တော့ ရှောင်းကျန့်
ကြောက်စရာမျက်နှာအနေအထားကြီးနဲ့ ဝမ်ရိပေါ်ကိုမြင်တော့ ထွက်ပြေးသည်။

" ဟေ့ ဟေ့ ငါကအမှန်တရားကိုပြောရုံတင်ပါ "

* host ဇာတ်လိုက်ရဲ့ထုထောင်းခြင်းကိုခံယူချင်နေတာ ကျွန်တော်သိ *

' မင်းမမေးဘူး '

" ဒီလာခဲ့ "

ဇာတ်လိုက်ဝမ်ရိပေါ်က အေးစက်စက်မျက်နှာနဲ့ပဲရှိနေကာ လက်တစ်ဖက်ကိုမြောက်ပြီး လာဆိုတဲ့အမူအယာပြသည်။

" ဟင့်အင်း "

" လာခဲ့ပါ ဟုတ်ပြီလား "

တစ်ပတ်ဆိုတဲ့အတောအတွင်း ဒီကမ္ဘာရဲ့ဝမ်ရိပေါ်စိတ်နေစိတ်ထားကို နည်းနည်းတော့သိနေပြီပင်။
အခုက မုန်တိုင်းမလာခင်လေပြေသွေးနေတာ

My soulmate(system) Where stories live. Discover now