(33)𝘿𝙚𝙖𝙧 𝙀𝙢𝙥𝙧𝙚𝙨𝙨

6.4K 587 8
                                    

𝐀𝐫𝐜 𝟐.𝟏𝟓 ( 𝐝𝐞𝐚𝐫 𝐞𝐦𝐩𝐫𝐞𝐬𝐬)

[ 𝒁𝒂𝒘𝒈𝒚𝒊 ]

ရေချိုးခန်းမှ တစ်ဆင့် အိပ်ယာပေါ်ထိ နှိပ်စက်ခံလိုက်ရတဲ့
ရှောင်ကျန့်က နောက်နေ့မနက်နေ့လယ်ဘက်ထိ အိပ်
မောကျနေခဲ့သည် ။ အိမ်ရှေ့စံကလည်း နေ့လယ်ဘက်ထိ
အိပ်ဆောင်ထဲက ထွက်မလာပဲ ချစ်ရတဲ့ကြင်ယာတော်
မိဖုရားဘေးမှာပဲ မိဖုရားရဲ့မနက်ခင်းအလှကို မေးထောက်
ကြည့်ရှုနေလျက်ရှိသည် ။ ပါးလေးတွေကဖောင်းကားနေ
ပြီး တစ်ဖက်ကိုဖိထားတာကြောင့် နှုတ်ခမ်းလေးကခပ်ဆူ
ဆူဖြစ်နေသည် ။ ဖောင်းနေတဲ့ပါးတစ်ဖက်ကို ထိုးကြည့်
တော့ သူ့လက်ပါနစ်ဝင်သွားတော့ ဝမ်ရိပေါ်အသည်းယား
လာသည် ။ ပါးလေးကိုမနမ်းပဲမနေနိုင်တာကြောင့် နမ်း
လိုက်ပြီး ယခုထိ မွှေးကြိုင်နေတဲ့ကိုယ်သင်းနံလေးကို
ရှုရှိုက်ရင်း နှုတ်ခမ်းလေးကိုပါ ကိုက်လိုက်မိသည် ။

မျက်တောင်စိပ်စိပ်လေးတွေ တစ်လှုပ်လှုပ်နဲ့ ရှောင်ကျန့်
နိုးလာတော့ အိပ်ယာပေါ်က တစ်ခြားလူကိုအရင်သတိ
ထားမိသည် ။ ရိပေါ်ရဲ့မျက်နှာက ပြုံးနေပြီးသူ့ကိုကြည့်
နေသည် ။ ရှောင်ကျန့် အမည်မသိခံစားချက်တစ်ချို့
ကြောင့်ရင်ထဲသိမ့်ခနဲ ခံစားလိုက်ရသည် ၊၊ ရှောင်ကျန့်
လည်း ပြန်ပြုံးပြလိုက်ပြီး အသံသေးသေးလေးနဲ့ခေါ်လိုက်
မိသည် ။

" အိမ်ရှေ့စံ? "

" ဘာအိမ်ရှေ့စံလဲ မင်းလေးက ကိုယ့်ကို ယောကျာ်း
လို့ခေါ်လေ! "

" အာ ယောကျာ်း "
ရှောင်ကျန့် စောင်နဲ့မျက်နှာကိုကွယ်လိုက်မိသည် ။ မျက်နှာပူလာလို့ စောင်ကိုဖယ်ချင်ပေမဲ့ ရှက်လွန်းတာ
ကြောင့် လေတွေပဲ တဖူးဖူးမှုတ်နေမိသည် ။

အပြင်ဘက်က ရိပေါ်ရဲ့ရယ်သံကိုကြားရပြီးရှောင်ကျန့်
မျက်နှာပေါ်က စောင်ကအဖယ်ခံလိုက်ရကာ နှဖူးကို
အနမ်းခံလိုက်ရသည် ။

" နိုးပြီဆို ထတော့ ကိုယ်တို့ခမည်းတော်ကိုသွားတွေ့
ရဦးမှာ "

" အာ ဟုတ်သားပဲ "

' system မင်းငါ့ကို ဘာကိစ္စ မနိုးတာလဲ '

* host သာ ဘယ်လောက်နိုးနိုး မနိုးတာပါဗျာ *

' အဲ့လိုလား '
ရှောင်ကျန့်ကိုယ်တိုင်ကတော့ system space မှာ
တဟီးဟီးရယ်နေတဲ့ အကောင်သေးလေးကို မမြင်နိုင် ။

My soulmate(system) Where stories live. Discover now