(17)[̲̅A][̲̅r][̲̅c]1̸:1̸4̸

7.6K 706 19
                                    

Z̲̅a̲̅w̲̅g̲̅y̲̅i̲̅

ဇာတ်လမ်းမှာဝင်ရှုပ်မဲ့ ဇာတ်လိုက်မ မရှိတော့ ရှောင်ကျန့်
ဘဝက အေးအေးချမ်းချမ်းပင်။ ဟူလေးကိုကျောင်းပို့
လိုက် နေ့ခင်းတွေကို ဝမ်ရိချန်ရဲ့ ကုမ္ပဏီကိုသွားလည်
လိုက်နဲ့ကုန်ဆုံးနေတယ် ။ မမျှော်လင့်ပဲ ရေခဲမုန့်ဆိုင်
မှာ ဒုတိယဇာတ်လိုက်နဲ့ဆုံတွေ့တယ်။ မသိချင်ဟန်
ဆောင်ကာ စားလက်စ ချောကလက်ရေခဲမုန့်ကို
ချန်ခဲ့ပြီး ထွက်သွားဖို့ပြင်ပေမဲ့ ခြေတစ်လှမ်းဦးခံလိုက်
ရလို့

' system မင်းပြောကြည့် ငါကိုယ်ပျောက်လို့ရလား'

* သေချာပေါက် မရဘူးပေါ့*

' ကောင်းပါပြီကွာ ငါ ဒုတိယဇာတ်လိုက်နဲ့တစ်ခုခုဆို
ဟိုကွာ ခင်ရင်ဖြစ်ဖြစ် အမှတ်လေးပါလေး ရမလား'

* သေချာပေါက် မရဘူးပေါ့ *

' မင်း ငါ မင်းကို သည်းခံနေတာနော် ဟိုတစ်ခါ
ဖုန်းနံပါတ်လေးတစ်ခုတောင်းတာကို ၂၀တောင်နုတ်ပစ်
တယ်'

systemလေး ပါးစပ်ပိတ်လိုက်ပြီး ဘာမှထပ်မပြော
တော့ပေ ဘာလို့ဆို အမှတ်ကို သူမုန့်စားချင်လို့
ပိုနုတ်လိုက်တယ်ဆိုတာ သေတောင်မပြောချင်လို့
တော်ကြာ မလုံတဲ့ပါးစပ်က ထွက်သွားရင် host
ရဲ့ ဆူပူဒဏ်ကို systemလေး လုံးဝမခံနိုင်

ထပ်မပြောတော့တဲ့ systemကို လျစ်လျူရှုပြီး လက်
ကိုကိုင်ထားတဲ့ ဒုတိယဇာတ်လိုက်ကို ပြုံးပြလိုက်တယ်

" ဟို လက်လေး လွှတ်ပေးပါဦး"

အသံသေးသေးလေးကြားမှ လီယန်ငေးနေရာက အသိ
ဝင်လာတယ် ။ ဆွဲထားတဲ့လက်သေးလေးကိုလွှတ်
ပေးလိုက်ပြီး ရှက်ရှက်နဲ့ဂုတ်ကိုပွတ်လိုက်တယ် ဒီချစ်
စရာကောင်းတဲ့ ကလေးလေးကို မြင်ကတည်းက
အသည်းယားပြီး မိတ်ဆွေဖြစ်ချင်လို့ အကြောင်းစုံ
စမ်းပေမဲ့ ဘာမှမသိရလို့ ဒေါသထွက်မိပေမဲ့ အခု
လို အပြင်မှာ သူကိုယ်တိုင်ထပ်တွေ့ရလို့ ကျေနပ်မိ
တာအမှန်

" ကိုယ့်ကို နာမည်တောင်မပြောသွားဘူး ရက်စက်
လိုက်တာ"

ရှောင်ကျန့် မျက်လုံးပြူးသွားတယ် ဒီလူစိတ်မှန်ရဲ့လား
မသိဘူး

My soulmate(system) Where stories live. Discover now