(42)ယွီဖေးကျင့်

5K 514 9
                                    

Arc 3.8

[ zawgyi ]

အပြန်လမ်းမှာ တိတ်နေပြီးစကားတစ်ခွန်းဆိုမလာတဲ့
ဟန်လေးကို ယွီဖေးကျင့် သတိထားမိလိုက်သည် ။ သူ
ခုနကဆေးရုံမှာ ဝမ်းနည်းနေတယ် ထင်ခဲ့လို့ ဘာမှ
မပြောပေမဲ့ ကလေးက အခုထိ စကားမပြောတာကြောင့်
သူမနေနိုင်တော့.

" ဟန်လေး ဒယ်ဒီ နေ့လည်စာ ဘာလုပ်ပေးရမလဲ "

အချက်အပြုတ်နဲ့ဆိုင်တာတွေက ဦးနှောက်ထဲမှာ အပြည့်
ရှိတာကြောင့် ယွိဖေးကျင့် အလိုလိုက်တဲ့ မိဘတစ်ဦးလို
မရည်ရွယ်ပဲ အသံထွက်သွားသည် ။

" ဒယ်ဒီကြိုက်သလို ပြင်လိုက်ပါ "
ဟဲဟန်လေးက ပုံမှန်သံနဲ့ပြောပေမဲ့ အမူအယာကင်းမဲ့နေ
တဲ့မျက်နှာကြောင့် ယွီဖေးကျင့်တစ်ခုခုမှားနေပြီဆိုတာ
ပြောနိုင်သည် ။

" ဟန်လေးကလည်း ဒယ်ဒီက ဟန်လေးအကြိုက်ချက်
ပေးချင်တာကို "

ဒီကလေးနဲ့တစ်ပတ်တောင် နေလာတာဆိုတော့ ယွီဖေး
ကျင့် နားလည်နေပြီလေ ဒီကလေးက သူ့ရဲ့ချွဲတဲတဲအသံ
ကို မခံနိုင်ဘူးဆိုတာ ဒါပေမဲ့ စိတ်ကူးနဲ့လက်တွေ့ ကွာခြား
စွာ ဟဲဟန်လေးက တရှုံရှုံငိုလာသည်

ယွီဖေးကျင့် ပြာပြာသလဲ

" ဟန် ဟန်လေး ဘာလို့ငိုတာလဲဟင် ဒယ်ဒီဘာ
ပြောမိလို့လဲ "

"  ဒယ်ဒီ ကျွန်တော့်ပေါ် ကောင်းသလိုဘသူများပေါ်
ကိုလည်းကောင်းပေးမှာလား? "

ဟဲဟန်ကတော့ ခြိမ်းခြောက်သံစွတ်နေတဲ့အသံနဲ့ပြောပေ
မဲ့ခန္တကိုယ်က ကလေးအရွယ်ဖြစ်နေတော့ ကိုယ်ပိုင်ပစ္စည်
းကို အလုခံလိုက်ရတဲ့ ကလေးအသံသဖွယ်ဖြစ်နေသည်

ဒါကိုမသိတဲ့ ဟဲဟန်က ထပ်ပြီး

" ဒယ်ဒီကို ဟန် တစ်ယောက်ပဲပိုင်တာ အဲ့တာကြောင့် "

"ကဲကဲ ဟုတ်ပါပြီဗျာ ဒယ်ဒီက ဟန်လေးတစ်ယောက်
တည်းအပိုင်သိပြီလား ဆေးရုံမှာတွေ့ခဲ့တဲ့ ကောင်လေး
က ချော်လဲပီး ဒူးနာသွားတာလေ အဲ့တာကြောင့် သူမိဘ
တွေဆီ ဒယ်ဒီက လိုက်ပို့ပေးတာပါ "

" တဂယ်နော် "

ဟဲဟန်လေးရဲ့ မျက်ရည်တွေကို သုတ်ပေးပြီး ယွီဖေး
ကျင့် အနာဂတ်မှာ နောင်တရလောက်အောင် ကြောက်
စရာကောင်းတဲ့ ဂတိပေးလိုက်မိတာကို သူမသိ?

My soulmate(system) Where stories live. Discover now