(23)𝘿𝙚𝙖𝙧 𝙀𝙢𝙥𝙧𝙚𝙨𝙨

7.3K 716 13
                                    

𝘼𝙧𝙘 2.5(𝙙𝙚𝙖𝙧 𝙚𝙢𝙥𝙧𝙚𝙨𝙨)

𝒁𝒂𝒘𝒈𝒚𝒊

ရှောင်ကျန့် ရှေ့မှာရှိနေတဲ့လူကိုမျက်စောင်းအကြီးကြီး
ထိုးလိုက်တယ် ။ သူ့မှာ စဉ်းစားစရာရှိလို့ လမ်းလျှောက်
နေပါတယ်ဆို အဲ့ခွေး အယ် အဲ့လူရဲ့အိမ်မွေးတိရိစ္ဆန်က
နှောက်ယှက်မယ် ထင်မထား ။ သူက နဂိုတည်းကမှ
ခွေးကို ခပ်ကြောက်ကြောက်

ဟွန့် အိမ်ရှေ့စံမင်းသားကိုယ်ရံတော်ဆိုလည်း
ငါကဘာလုပ်ရမလဲ

ကိုယ်ရံတော်လျန်ကတော့ ရှေ့ကကောင်လေးကိုချော့
ရမလား မင်းသားလေးရဲ့အချစ်တော်ခွေးကိုပဲ ချော့
ရမလား လမ်းပျောက်နေသည်။ သူ့ရှေ့က ကောင်
လေး လည်း မျက်နှာကဆူပုတ်နေပြီး နှုတ်ခမ်းရဲရဲလေး
ကလည်း တစ်ထော်ထော် တော်ကြာစိတ်မနှံတဲ့သူ
ဆို တိုင်ပတ်မှာလည်း ကြောက်ရတယ်

" ဟွန့် ခင်ဗျားက ဘယ်လိုအနောက်ဘက်ခြံဝန်းထဲ
ရောက်လာတာလဲ "

တွေးနေတုန်း ရှေ့က ကောင်လေးဆီက အသံသာသာ
လေးထွက်လာလို့

" ဗျာ ဟို ဒီ ရှောင်လီက ပြေးလာလို့ပါ "

" ဟွန့် "
ရှောင်ကျန့် ဖြေရှင်းချက်ရသွားပြီဆိုတော့ ခွေးကိုမျက်စောင်းထိုးပြီး ရေစိုနေတဲ့အဝတ်တွေလဲဖို့လုပ်ပေမဲ့ ရုတ်တရက် ထဟောင်တဲ့ခွေးကြောင့်

" ဝုတ် ဝုတ် "

" အားး အမေရေ!!!! "

" ဘုတ် " " အင့် "
ခွေးဟောင်လိုက်တာကြောင့် ထွက်ပြေးတော့ နံရံလို
မာလှတဲ့ ရင်ခွင်ကြီးနဲ့တိုက်မိလို့ ရှောင်ကျန့်နဖူးပင်
အတော်နာသွားတယ် ။ ကျိမ်းသေ ဘုထွက်မှာ

ရှောင်ကျန့် စိတ်တိုတိုနဲ့ဆဲဖို့ခေါင်းမော့လိုက်တော့ မြင်
လိုက်ရတဲ့မျက်နှာကြောင့် ထွက်လာမဲ့စကားတွေကို
ပြန်မြိုချလိုက်ရသည်။

စူးရှတဲ့မျက်လုံးတွေက လူသတ်ငွေ့တွေလျှံထွက်လာတာ
ကြောင့် ရှောင်ကျန့်အသက်အောင့်ထားမိတယ် ။ သူ
အသက်ရှုလိုက်မိရင် လူသတ်ငွေ့တွေရှုရှိုက်မိမှာစိုး
သည့်အလား ။

ဝမ်ရိပေါ် မျက်မှောင်ကြုပ်လိုက်တယ် အခုသူ့ရှေ့က
ကောင်လေးက သူ့ကို အလန့်တကြားကြည့်နေပုံကို
သူမကြိုက် ။ ဒါပေမဲ့ ဘယ်လိုဖြစ်နေချင်လဲ သူမသိ

My soulmate(system) Where stories live. Discover now