(58)who?

4.4K 441 21
                                    


[ Zawgyi ]

Arc4.4

အချိန်တွေနောက်ပြန်ဆုတ်ရရင် မနက်ခင်းတစ်ခုလုံး
အနားယူပြီး နေ့လည်မှာ ကျောင်းသားများကို ပါမောက္ခ
ဖုဟိုင်ယွမ်က စံအိမ်တစ်ခုလုံးကို လိုက်ပြပေးသည် ။

ယခင်နှစ်ပေါင်းများစွာက အမွေဆက်ခံထားတဲ့ ယခုစံ
အိမ်ကြီးရဲ့သမိုင်းကြောင်းကိုလည်း ရှင်းပြလာသည် ။

သမိုင်းကတော့ သမိုင်းဖြစ်တဲ့အလျောက် နားထောင်လို့
ကောင်းပြီး စံအိမ်ကြီးရဲ့ပိုင်ရှင်ကလည်း အလွန်မောက်
မာတဲ့ စစ်သေနာပတိချုပ်ကြီးဖြစ်သည် ။

ရှေးခတ်ပန်းချီလက်ရာတွေကိုကြည့်ရင်း ရှောင်ကျန့်
စိတ်အခြေအနေကောင်းမွန်နေသည် ။

ရှောင်ကျန့် အနောက်ဘက်လူအုပ်ထဲမှ သူ့တင်ပါးကို
တစ်ယောက်ယောက်က ပွတ်သပ်နေတာကို ခံစားမိ
လို့ အနောက်ဘက်လှည့်လိုက်တော့ မူလပိုင်ရှင်ရဲ့
ရည်စားဆိုသူကို တွေ့လိုက်သည်။

ရှောက်ရန်ဆိုသူက ရုပ်ရည်ချောပေမဲ့ လိင်ကိစ္စမှာပျော်
မွေ့သူမှန်းသိသာအောင် အပြုအမူ ၊ အပြောအဆိုတွေ
က မူလရန်ရန်မသိပေမဲ့ အခုရှောင်ကျန့်ကတော့
ရိုးနေပါပြီဆိုတဲ့ အထာနဲ့ သိနေပြီးဖြစ်သည် ။

တစ်ဖက်က နံရံက ပန်းချီအကြောင်းရှင်းပြနေတုန်း
ရှောက်ရန်က သူ့ကိုလူအုပ်နောက်ရောက်သည်
ထိ တဖြည်းဖြည်းဆွဲခေါ်သည် ။

သူရုန်းချင်နေပေမဲ့ လူကြားထဲအရှက်မရချင်တော့
ရှောက်ရန်ကို ခွင့်ပြုထားလိုက်သည် ။ ရှောင်ကျန့်တို့
နောက်ဆုံးလူနဲ့ဝေးကွာတဲ့နေရာမရောက်ခင် တစ်စုံ
တစ်ယောက်နဲ့ တိုက်မိသည် ။

တိုက်မိတဲ့ပခုံးကနာသွားတဲ့အပြင် ရှောက်ရန်က အား
နဲ့ဆွဲထားတာကြောင့် ရှောက်ရန်ရင်ခွင်ထဲဝင်သွား
သည် ။ ဒါ့အပြင် ရှောက်ရန်က အခွင့်ကောင်းယူ
ကာ ရှောင်ကျန့် ပါးကိုပါနမ်းလိုက်သည် ။

ရှောင်ကျန့်နဲ့ တိုက်မိသူကလည်း ကျောင်းသားတစ်ဦး
ဖြစ်ပြီး အရပ်တော်ရှည်သည် ။ ထိုလူနောက်ကျောကို
ကြည့်ပြီး ရှောင်ကျန့် အရင်မှတ်ဥာဏ်ကိုနှိုးစွကြည့်
တော့ပေါ်မ လာ ။

My soulmate(system) Where stories live. Discover now