(67) who?

3.1K 337 7
                                    

[ Zawgyi ]


arc4.13

ပါမောက္ခဆရာရဲ့ တိုက်ခန်းမှာ ပစ္စည်းသိပ်များများစား
စားမရှိ ၊ ကျကွဲထားတဲ့ပစ္စည်းတွေက လည်း ရစရာပင်
မရှိတော့သလို ကျန်ရစ်တဲ့ပစ္စည်းများကလည်း
အဖိုးတန်ပစ္စည်းသိပ်မကျန် ။

" ဖုယင်ကျီး "

" အင်း "
တံခါးဝမှာ ကျောမှီပြီးလေးတွဲတွဲ နဲ့ ဖုယင်ကျီးဖြေလာပေ
မဲ့ သူ့ရဲ့စူးရှတဲ့ မျက်ဝန်းတွေကတော့ နေရာအနှံကိုလိုက်
ကြည့်နေသည် ။ ပရိဘောဂဖြစ်တဲ့ ပန်းအိုး ဆိုဖာများ
ဟာ အကောင်းတိုင်းမရှိတော့။ ပိုင်ရှင်ရှိခင်တုန်းက အ
ကောင်းတိုင်းဖြစ်နိုင်ပေမဲ့ အခုတော့

" အာ ဒါကဘာလေးလဲ "

ရှောင်ကျန့် လက်ထဲက ရွှေရောင်နဲ့အနက်ရောင်ရော
စပ်ပြီး တစ်လက်လက်တောက်ပနေတဲ့ ကဒ်လေးကို
ထောင်ပြလိုက်သည် ။ အရွယ်အစားအားဖြင့် လက်ဖဝါး
စာရှိပေမဲ့ အလွယ်တကူ နေရာတစ်ကာမှာ ရနိုင်တဲ့ပုံ
မျိုးမဟုတ်  ။ အောက်ဘက်အနားမှာလည်း မည်သည့်
ဘာသာစကားမှန်းမသိတဲ့ သုံးလုံးလည်း ရေးထား
သည် ။

" ကြည့်ရတာ triple V. အသင်းဝင်ကဒ်ပဲ "

" triple V?  "

ရှောင်ကျန့် နားမလည်တော့ systemကို မေးလိုက်
ရလေသည် ။ သူနဲ့systemလည်း အခုတလော သိပ်စကားမပြောဖြစ်

' triple အသင်းကဘာလဲ '

* အဲ့တာက ဘုန်းတော်ကြီးအသင်းတစ်ခုပဲ အခုနိုင်ငံရဲ့
အရှေ့ဘက်ကျွန်းဆွယ်မှာရှိပြီး ဝင်နိုင်ထွက်နိုင်သူမ
ရှိဘူး သုံးနှစ်တစ်ခါမှ တစ်ဦးတစ်ခါသာ သွားနိုင်တာ *

' ဘယ်လိုအသင်းဖြစ်လို့လဲ '

* လူသားတွေက နာတာအိုတာ ဆင်းရဲတာ မခံနိုင်ကြ
ဘူးလေ လွန်ခဲ့တဲ့၁၀နှစ်ကပဲ အသင်းက ကြီးထွာလာ
ပြီး နိုင်ငံအနှံပြန့်သွားတာ *

' အဲ့တာက ပါမောက္ခ နဲ့ ဘယ်လိုပက်သက်

" ပါမောက္ခက ဒီအသင်းဝင်တစ်ယောက်ဖြစ်နိုင်တယ် "

"အော် အင်း "

ရှောင်ကျန့် နားမလည် ဘာလို့ပါမောက္ခက ထိုအသင်း
ဝင်ဖြစ်နေသလဲ ဆိုတာကိုပင် ။ ကျောင်းမှာ အသင်
အပြရော စိတ်ထားပါကောင်းတဲ့ ဆရာက အခုလို
လျိ့ဝှက်ဆန်တဲ့အသင်းဝင်ဖြစ်နေမယ်လို့ ထင်မထား
ပြီးတော့ ဆရာသေဆုံးရခြင်းအကြောင်းကလည်း ဤ
အသင်းနဲ့ ပက်သက်နေသလားပဲ တွေးနေမိသည် ။

My soulmate(system) Where stories live. Discover now