(85)arc5

2.6K 269 11
                                    

Zawgyi

Daddy's babby

ဒီရက်ပိုင်းအတွင်း ရှောင်ကျန့်ကတော့ ဗီလိန်လေးနောက်
ကို တကောက်ကောက်လိုက်သည်။ အားတဲ့အချိန်တွေ
မှာ ဗီလိန်လေးသွားတဲ့နေရာတွေက လက်ချိုးရေ
တောင်ရသည် ။ စာကြည့်တိုက်ထောင့်လေး၊ ကန်တင်း၊
အားကစားခန်းမရဲ့ထောင့်တို့ 'ထောင့်'တွေကြိုက်တဲ့
ဗီလိန်လေးသာ ။ ကျောင်းဆင်းတော့ ရှောင်ကျန့်
ချောင်းလိုက်ရသလောက်တော့ ကျောင်းနဲ့အနည်းငယ်
ဝေးတဲ့ မီနီစတိုးတစ်ခုမှာ အလုပ်လုပ်တတ်သည်။

ဗီလိန်လေး နေတဲ့နေရာထိတော့ ရှောင်ကျန့်လိုက်လို့မရပါ။ သူခြေလှမ်းလှမ်းဖို့ပြင်တာနဲ့ လက်ထောက်က
ချက်ချင်းပေါ်လာသည်။ ပထမအကြိမ်တော့ နူးနူးညံညံ
ချော့ပြောပေမဲ့ သုံးခါမြောက်​ရောက်တော့ ဝမ်ရိပေါ်နဲ့
ခြိမ်းခြောက်လာတာကြောင့် ရှောင်ကျန့်လက်လျော့ထား
တာဖြစ်သည်။

" ဟေ့ ကျိုး.. "

ရှောင်ကျန့် အရှေ့ကလူကိုလှမ်းခေါ်လို့မပြီးသေးခင်
သူ့လက်မောင်းကို လူတစ်ယောက်ကဆွဲလာသည်။

အနောက်ကလူကိုလှည့်ကြည့်လိုက်တော့ သူတစ်ခါမှ
မမြင်ဖူးတဲ့ အသက်လတ်ပိုင်းအန်တီချောချောလေး

" ဘယ်သူ.. "

*ဇာတ်လိုက်ရဲ့အမေပါ *

'အာ '

'' အန်တီကို ကလေးလေးခေါ်ချင်သလိုခေါ်ပါ
အခုတော့ မားမားဝမ်လို့ပဲခေါ်ပေါ့ "

" ဟုတ် "

" အန်တီက ဝမ်ရိပေါ်မားပါ အန်တီပြန်လာတာမကြာသေး
ဘူးလေ ဝမ်လေးကမွေးစားကလေးတစ်ယောက်ရှိတယ်
ဆိုလို့ အသေးလေးမှတ်နေတာ "

' သေးရင် သူစားဖို့အကြာကြီးစောင့်ရမှာပေါ့ '

systemကတော့ ရှောင်ကျန့်ကြောင့်လား ဘာလို့လဲ
မသိ ။ အသံတိတ်သွားသည်။

" ဟုတ်  မားမားဝမ်"

"  ချစ်ဖို့ကောင်းလိုက်တာ ပါးလေးတွေဆို အိနေတာပဲ"
ဝမ်ရိပေါ်မားက ရှောင်ကျန့်ကို အူယားသည်းယားဖြစ်
နေပြီး ဆွဲငုံမတတ်ဖြစ်နေတဲ့မျက်လုံးတွေကြောင့်
ရှောင်ကျန့် မှာ ကြောင်အလျက်။

My soulmate(system) Where stories live. Discover now